သွေးလှူဘဏ်မှာ Aနဲ့ AB သွေးလှူသူနည်းနေ

visibility 7 Aufrufe schedule vor 8 Jahren timer 1:35
open_in_new Dailymotion
အမျိုးသားသွေးလှူဘဏ်မှာ Aနဲ့ABသွေး အုပ်စုတွေ လိုအပ်ချက် ရှိနေတယ်လို့ ရန်ကုန် အမျိုးသားသွေးဌာနရဲ့ တာဝန်ခံ ဒေါက်တာ ဒေါ်သီတာအောင်က ပြောပါတယ်။ ဒီလို လိုအပ်ချက်တွေ ရှိတာက အဲဒီ့သွေးအုပ်စုတွေကို လာရောက် လှူဒါန်းသူ နည်းပါးပြီး သွေးလှူဘဏ်ကနေ ဆေးရုံတွေကို ပြန်လည်ထောက်ပံ့တဲ့အခါ သုံးစွဲတဲ့အားနဲ့ ထောက်ပံ့ရတာနဲ့ မမျှတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီသွေးအုပ်စုတွေကို လာရောက်လှူဒါန်းဖို့ စေတနာသွေးလှူရှင်တွေကို ဖိတ်ခေါ်နေတယ်လို့လည်း သိရပါတယ်။ အမျိုးသားသွေးလှူဘဏ် အနေနဲ့ ဆေးရုံ(၁၁)ရုံကို သွေးထောက်ပံ့နေတာဖြစ်ပြီး တစ်လကို သွေးယူနစ်ပေါင်း (၁)သောင်းကျော် ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။<br /><br />ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်