Black Fridayမှာ ရောင်းအား စံချိန်သစ် တင်နိုင်မယ်လို့ အမေရိကန် အရောင်းဆိုင်ကြီးတွေ မျှော်လင့်

visibility 3 lượt xem schedule 8 năm trước timer 1:33
open_in_new Dailymotion
ဒီနှစ် Black Fridayမှာ ဈေးဝယ်သူတွေ အနေနဲ့ စံချိန်တင် ပမာဏထိ ငွေသုံးစွဲကြလိမ့်မယ်လို့ အမေရိကန် အရောင်းဆိုင်တွေ၊ စူပါမားကက် လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။ Black Fridayဟာ ကျေးဇူးတော်နေ့အပြီး နောက်တစ်ရက်မှာ ကျရောက်တဲ့ သောကြာနေ့ကို သတ်မှတ်တာဖြစ်ပြီး အမေရိကန်ရဲ့ ခရစ္စမတ် ဈေးရောင်းကာလ အစပြုတဲ့ နေ့လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီနေ့မှာ စတိုးဆိုင်ကြီးတွေ၊ အရောင်းဆိုင်ကြီးတွေက ကုန်ပစ္စည်းတွေကို အကြီးအကျယ် ဈေးလျှော့ ရောင်းပေးလေ့ ရှိတာကြောင့် ဈေးဝယ်သူတွေကြားမှာ အထူးရေပန်းစားလေ့ ရှိပါတယ်။ အမေရိကန် အမျိုးသား အရောင်းဆိုင်များ ဌာနကတော့ Black Fridayက အစပြုတဲ့ အားလပ်ရက် ဈေးဝယ်ရာသီ တလျှောက်လုံးရဲ့ ရောင်းအားဟာ အရင်နှစ်ထက် ၃.၆ ရာခိုင်နှုန်း တိုးပွားပြီး ဒေါ်လာ ၆၅၅.၈ ဘီလီယံထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။