သွေးတိုးအကြောင်းသိကောင်းစရာ | ThinYuPar
Hypertension or High Blood Pressure - သွေးတိုးအကြောင်းသိကောင်းစရာ

ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် ပုံမှန် သွေးတိုးလူနာများ ဖြစ်ကြသည်။ လူတစ်ယောက်၏ ပုံမှန်သွေးပေါင်ချိန်မှာ အပေါ်သွေး 100 နှင့် 140 ကြား၊ အောက်သွေး 60 နှင့် 90 ကြား ဖြစ်သည်။ အပေါ်သွေး 140 နှင့်အထက်၊ အောက်သွေး 90 နှင့်အထက် ဆိုလျှင် သွေးတိုးဟု သတ်မှတ်နိုင်ပါသည်။ သွေးတိုးရောဂါသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်တတ်သည်။

Full Article: https://www.thinyupar.com/things-to-know-about-high-blood-pressure/

သွေးတိုး၏လက္ခဏာရပ်များမှာ

ခေါင်းမူးခြင်း/ကိုက်ခြင်း (severe headache)
ပင်ပန်းနွမ်းနယ်ခြင်း (fatigue)
အမြင်အာရုံဝေဝါးခြင်း (vision problem)
နှာခေါင်းသွေးယိုခြင်း (nose bleeding)
နှလုံးခုန်နှုန်း မမှန်ခြင်း (irregular heart rate)
ချွေးထွက်များခြင်း (sweating) တို့ဖြစ်သည်။

ဘယ်လိုလူတွေ သွေးတိုးအဖြစ်များသလဲ ?

အငန် အစားများသူ၊ အဝလွန်သူ၊ အစားအသောက် မရှောင်သူ၊ အရက်သေစာသောက်စားသူ၊ ဆေးလိပ်သောက်သူ၊ ကဖင်းဓါတ်များသည့် ကော်ဖီသောက်သုံးသူ၊ ဖိစီးမှုများသူ တို့တွင် အဖြစ်များသည်။
သွေးတိုးကမျိုးရိုးလိုက်တတ်သလား ?

မျိုးရိုးလိုက်တတ်ပါတယ်။ မိဘမှာရှိရင် ကိုယ့်မှာလည်းဖြစ်နိုင်ပါတယ်။ ဆွေမျိုးသားချင်းတွေမှာ ရှိရင်လည်း ကိုယ့်မှာ ဖြစ်တတ်ပါတယ်။
ဘယ်အရွယ်မှာသွေးတိုးတတ်သလဲ?

ပုံမှန်ဆိုရင် အသက် 40 ကျော်မှ သွေးတိုးတတ်ပါတယ်၊၊ ဒီလိုမှမဟုတ်ဘဲ အသက် 40 အောက်သွေးတိုးပြီဆိုရင်တော့ သွေးတိုးစေနိုင်တဲ့အခြားအကြောင်းတွေကိုသေချာရှာဖွေရပါမယ်။
သွေးတိုးကစိုးရိမ်ရလား ?

သွေးတိုးရှိပြီဆိုရင် စနစ်တကျကုသမှုခံယူဖို့ လိုပါတယ်။ မကုပဲထားရင် သွေးတိုးရဲ့နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တတ်ပါတယ်။
သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ရောဂါများမှာ

လေဖျန်းခြင်း/လေဖြတ်ခြင်း ( Stroke )
နှလုံးအလုပ်မလုပ်နိင်ခြင်း ( Heart failure )
နှလုံးသွေးလွှတ်ကြောကျဉ်းခြင်း ( ischaemic heart disease )
နှလုံးကြီးခြင်း ( hypertensive cardiomyopathy )
ကျောက်ကပ်ပျက်ခြင်း ( renal failure ) တို့ဖြစ်သည်။

သွေးတိုးရှိရင် ဘာတွေ လိုက်နာဆောင်ရွက်ရမလဲ ?

သွေးတိုးရှိရင်ရှောင်ရမယ့်အစားအစာတွေက ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဆိုဒါပါတဲ့အစားအစာတွေ၊ အချိုမှုန့်၊ လျက်ဆား စတာတွေကို ရှောင်ရပါမယ်၊၊ အသီးအရွက်များများစားရပါမယ်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်ပေးရပါမယ်၊ စိတ်ဖိစီးမှုလျော့အောင် တရားထိုင်ပေးရပါမယ်၊ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး သွေးပေါင် ၁ပတ်လျှင် ၁ ခါ ပုံမှန် ချိန်ပေးရပါမယ်။

ရုတ်တရက် သွေးအရမ်းတိုးရင် ဦးနှာက်သွေးကြောပေါက်ပြီး လေဖြတ်တတ်ပါတယ်။ အသက်သေဆုံးသည်အထိ ဖြစ်တတ်တာမို့လို့ သတိထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Website: https://www.thinyupar.com
Facebook: https://www.facebook.com/ThinyuparOfficial
Instagram: https://www.instagram.com/thinyupar_official
Twitter: https://www.twitter.com/Thinyupar1
Pinterest: https://www.pinterest.com/ThinYuPar
DailyMotion: https://www.dailymotion.com/ThinYuPar

#thinyupar #သင်ယူပါ #Hypertension #Health