ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ အပင်ကြီးတွေအကြောင်း | ThinYuPar
ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ အပင်ကြီးတွေအကြောင်း

သက်ရှိတွေလို့ ဆိုလိုက်ရာမှာ သတ္တဝါတွေနဲ့ အပင်တွေဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါတယ်။ ဒီထဲကမှ အပင်တွေဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ရှင်သန်နိုင်စွမ်းအရှိဆုံး သက်ရှိတွေပဲဖြစ်ပါတယ်။ သတ္တဝါတွေထက် ပိုပြီးရှင်သန်နိုင်စွမ်းမြင့်မားရတဲ့ အဓိကအချက်ကတော့ အပင်တွေဟာ ကိုယ်တိုင်အစာထုတ်လုပ်နိုင်ကြလို့ပဲဖြစ်ပါတယ်။ သတ္တဝါတွေကတော့ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် အခြားအစာရင်းမြစ်တွေအပေါ်ကို မှီခိုနေရပါတယ်။ ဒါကြောင့်မို့လို့ ၎င်းတို့စားသုံးဖို့ လိုအပ်တဲ့ အစာရင်းမြစ်တွေ မရရှိတဲ့အခါ သတ္တဝါတွေဟာ သေဆုံးပျောက်ကွယ်သွားနိုင်ပါတယ်။ အပင်တွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ လိုအပ်တဲ့အစာအတွက် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုကာ အမြစ်တွေကစုပ်ယူပေးတဲ့ရေနဲ့ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုပြီး အစာချက်လုပ်ကြတာပဲဖြစ်ပါတယ်။ နှစ်ပေါင်းထောင်နဲ့ချီပြီး ရှင်သန်နိုင်တဲ့ သက်ရှိတွေဟာ အပင်တွေပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ အထင်ကရ အပင်ကြီးတွေအကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

#Education #Thinyupar #Edu #tree #biggest_tree #knowledge

မိမိရဲ့အားလပ်ချိန်တွေကို အကျိုးရှိရှိ အသုံးချလိုသူတွေအတွက် မှတ်သားလေ့လာစရာ သင်ခန်းစာတွေ၊ ကျောင်းသား/သူ တွေအတွက် အထောက်အကူပြုစေမယ့် အကြောင်းအရာတွေကို အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျောင်းသင်ခန်းစာ၊ ကျောင်းပြင်ပ သင်ခန်းစာတွေအပြင်၊ အသိပညာတိုးပွားစေနိုင်မယ့် သင်ခန်းစာတွေကို လေ့လာနိုင်မှာဖြစ်တဲ့အတွက် Thinyupar ရဲ့ Education Channel ကို subscribe လုပ်ထားဖို့ ဖိတ်ခေါ်ချင်ပါတယ်။

FOLLOW US
Website: https://www.thinyupar.com
Facebook: https://www.facebook.com/ThinyuparOfficial
Instagram: https://www.instagram.com/thinyupar_official
DailyMotion: https://www.dailymotion.com/ThinYuPar
Tik Tok: https://www.thinyupar_official
Twitter: https://twitter.com/Thinyupar1
Pinterest: https://www.pinterest.com/ThinYuPar