ပုသိမ်ထီးတွေ ပြန်ခေတ်စားလာတော့မှာလား (ရုပ်/သံ)

visibility 31 lượt xem schedule 9 năm trước timer 4:52
open_in_new Dailymotion
ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေကို အများဆုံးဆွဲဆောင်နိုင်တဲ့ ရိုးရာပုသိမ်ထီးတွေဟာ အသစ်ပြန်လည် ဆန်းသစ်လာတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာပါပြီ။ ပုသိမ်ထီးဟာ မြန်မာတို့ ရဲ့ အနုပညာ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ပုသိမ်မြို့ ကို ရောက်ပြီဆိုတာနဲ့ မြို့အမှတ်အသားဖြစ်တဲ့ ပုသိမ်ထီးရောင်းတဲ့ ဆိုင်တွေကို မြိုင်မြိုင်ဆိုင်ဆိုင်တွေ့ ရမှာပါ။ တခေတ်အခါက အလှူ ပွဲ ၊မင်္ဂလာပွဲတွေနဲ့ ထသွားထလာတွေမှာသာ ပုသိမ်ထီးကို အသုံးပြုခဲ့ကြပေမယ့် အခုအခါမှာတော့ ပုသိမ်ထီးကို မိုးတွင်းမှာပါ အသုံးပြုနိုင်အောင် ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ထီထွင်ဖန်တီးလာနိုင်ပြီဖြစ်ပါတယ်။