ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ကိုဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

visibility 2 조회수 schedule 9년 전 timer 10:32
open_in_new Dailymotion
လာကြိုတဲ့အခါမှာ ကျွန်တော့်မိသားစုရယ်၊ ကျွန်တော့်မိတ်ဆွေအချို့ရယ်၊နောက်ပြီးတော့ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က ရုံးအဖွဲ့မှူး ကိုမျိုးဇော်မင်း သူတို့တွေ လာကြိုကြတယ်ဗျ။ဒီ အွန်လိုင်းမှာ ပြန့်နေတဲ့ပုံလေးက ကျွန်တော် Hand Carry လေး ဆွဲပြီး တစ်ယောက်တည်း ကုပ်ချောင်းချောင်းနဲ့ ထွက်လာတဲ့ ပုံလေး။ အဲ့ဒါက ကိုမျိုးဇော်မင်း ရိုက်ပေးတာပါ။ အဓိကက ကျွန်တော်နဲ့ ကျွန်တော့မိသားစု၊ ကျွန်တော့်မိန်းမနဲ့ သမီး ဒီပုံလေးကိုပဲ အဓိက ရိုက်တာဆိုတော့ ကျန်တဲ့သူတွေ ပုံက မပါဘူး။ အဲ့ဒီတော့ လူတွေကတော့ အားမလိုအားမရ ဖြစ်တဲ့သူတွေကျတော့လည်း ဒီပုံလေးကြည့်ပြီး စိတ်မကောင်းဖြစ်ကြတာပေါ့ဗျာ။သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/26356