ငွေကြေးဝန်ဆောင်မှုတိုးချဲ့ရန် မြန်မာကို ကန်ဒေါ်လာ သန်း ၁၀၀ ကမ္ဘာ့ဘဏ်ချေးမည်

visibility 3 vistas schedule hace 9 años timer 0:34
open_in_new Dailymotion
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဘဏ်ကနေ မြန်မာနိုင်ငံကို အတိုးမဲ့ နှစ်ရှည် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးပေးဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေ ကန်ဒေါ်လာ သန်း ၁၀၀ ကို မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်း တိုးချဲ့ နိုင်ဖို့အတွက် အခုလို ချေးပေးတာဖြစ်ပြီး ချေးငွေ သက်တမ်းက ၃၈ နှစ်နဲ့ ချေးငွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့ကာလက ၆ နှစ် ဖြစ်ပါတယ်။ အဲဒိချေးငွေ ကန်ဒေါ်လာ သန်း ၁၀၀ ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူးရည်ရွယ်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဖွံ့ဖြိုးရေးအဖွဲ့ IDA ရဲ့ ရန်ပုံငွေလည်း ဖြစ်တယ်လို့ သိရပါတယ်