ဘဏ္ဍာနှစ် ၅ လအတွင်း မြန်မာ-ထိုင်း ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၅၀၀ ရရှိထား

visibility 6 просмотров schedule 9 г. назад timer 0:43
open_in_new Dailymotion
မြန်မာ-ထိုင်း ၂ နိုင်ငံကြား နယ်စပ်ကုန်သွယ်မှုဟာ အခု ဘဏ္ဍာနှစ် ပထမ ၅ လဖြစ်တဲ့ ဧပြီလကနေ သြဂုတ်လ အထိကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒိ ကန်ဒေါ်လာသန်း ၅၀၀ ဟာ အရင်နှစ် ကာလတူ အချိန်ထက်ကို ကန်ဒေါ်လာသန်း ၁၀၀ အထိ တိုးမြင့်လာခြင်းလည်းဖြစ်ပါတယ်။ ဒီကန်ဒေါ်လာ သန်း ၅၀၀ နီးပါးထဲမှာ မြ၀တီ နယ်စပ်ကုန်သွယ်မှုက အများဆုံးဖြစ်ပြီးတော့ အဲဒိကနေ ကန်ဒေါ်လာ သန်း ၃၄၀ ကျော် ရရှိထားတာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာလည်း မြန်မာနိုင်ငံနဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေရဲ့ နယ်စပ်ဂိတ် ၁၅ ခုကနေ အခုဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လ အတွင်းမှာ ကုန်သွယ်မှုတန်ဘိုး စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂.၁၆ ဘီလီယံအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်