အမေရိကန်၏ အရေးယူပိတ်ဆို့မှု " မကြာခင်" ဖယ်ရှားမည်

visibility 5 조회수 schedule 9년 전 timer 1:12
open_in_new Dailymotion
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိထားတဲ့ ပိတ်ဆို့တားဆီးမှုတွေကို မကြာမီကာလအတွင်းမှာ ရုပ်သိမ်း ပေးသွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့ အမေရိကန်သမ္မတ ဘားရတ် အိုးဘားမားက မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ <br /> သမ္မတအိုဘားမားနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မတွေ့ဆုံခင်မှာပဲ မြန်မာနိုင်ငံကို ၁၉၈၉ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ အကောက်အခွန် သက်သာခွင့် အထူးအခွင့်အရေး(GSP) ပြန်လည်ပေးဖို့ အမေရိကန်အောက်လွှတ်တော်ကို စာရေးသားပေးပို့ထားတယ်လို့လည်း နိုင်ငံတကာသတင်းတွေမှာလည်း ဖော်ပြပါတယ်။ အဲဒိ စက်တင်ဘာ ၁၄ ရက်နေ့က ခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ ပိတ်ဆို့ထားတဲ့ အရေးယူပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေး ဖို့ အချိန် ကျရောက်နေပြီလို့ လည်း ပြောဆိုထားပါတယ်။ <br />တစ်ခါ အေပီသတင်းဌာနက လာတဲ့ သတင်းတစ်ပုဒ်မှာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ ၁၁၁ ခုကို အမေရိကန်ဘဏ္ဍာ ရေးဌာန ပိတ်ဆို့အရေးယူထားတဲ့ စာရင်းက ပယ်ဖျက်ပေးပြီး စက်ဘက်ရင်းနှီးမြှုပ်နှံမှု၊ သစ်နဲ့ ပတ္တမြား၊ နီလာတင်သွင်းမှု ကန့်သတ်ခြင်းတွေကို ရုပ်သိမ်းပေးသွားမယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတစ်ဦးက ပြောတယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်