စိုက်ပျိုးပြီး စပါးခင်းတွေ ရိတ်သိမ်းခွင့် အတွက် လယ်သမားတွေ ဆန္ဒပြတောင်းဆို

visibility 1 views schedule 8 years ago timer 2:21
open_in_new Dailymotion
ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်က ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရွှေကျွန်းသာ လယ်ယာမြေ ဧက ၂၇၀၀ ကျော်ပေါ်မှာ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေနဲ့ ပက်သက်ပြီး ဆန္ဒပြတာတွေ ဖြစ်ပွားခဲ့ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သံယံဇတနှင့် ပတ်ဝန်းကျင် ထိန်သိမ်းရေး ၀န်ကြီးဌာန ပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တောင်သူလယ်သမားတွေက ကျူးကျော် ၀င်ရောက် စိုက်ပျိုးတာဆိုပြီးတော့ စပါးခင်းတွေကို တိုင်းအစိုးရ အဖွဲ့က ရိတ်သိမ်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အချို့စပါးခင်းတွေကို တိုင်းအစိုးရအဖွဲ့က ကျေးရွာအုပ်ချူပ်ရေးမှုးနဲ့ လပွတ္တာကုန်သည်ကြီးများ အသင်းက ဦးဆောင်ပြီး ရိတ်သိမ်းနေတယ်လို့ သိရပါတယ်။ ပြန်လည်ရိတ်သိမ်းခွင့် မရရှိဘူးဆိုရင် နေပြည်တော်ကောင်စီရုံရှေ့မှာ ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။<br /><br />ရုပ်သံသတင်းထောက်- မောင်သင်တုန်း