တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှု လူ ၄၀ ထက်မနည်း သေဆုံး

visibility 6 views schedule 8 years ago timer 1:21
open_in_new Dailymotion
တရုတ်နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ မတော်တဆ ပြိုကျမှု ဖြစ်ပွားရာက အနည်းဆုံး လူ ၄၀ လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်အားပေး စက်ရုံတစ်ခုရဲ့ အအေးပေး စနစ်ကို တည်ဆောက်နေချိန် ပြိုကျမှု ဖြစ်ပွားခဲ့တာလို့ အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံက စက်မှုလုပ်ငန်းခွင် နေရာတွေမှာ လူအသေအပျောက် များပြားတဲ့ မတော်တဆမှုတွေ ပေါ်ပေါက်လာတတ်တာဟာ ဖြစ်နေကျ ကိစ္စတစ်ခုပါ။ နိုင်ငံရဲ့ စက်မှုလုပ်ငန်း အရှိန်အဟုန် တိုးတက်လာတဲ့တိုင် မိုင်းတွင်း မတော်တဆမှုတွေ၊ စက်ရုံမီးလောင်မှုတွေလို သတင်းဆိုးတွေက မကြာခဏ ထွက်ပေါ်ခဲ့ဖူးပါတယ်။ တရုတ်အစိုးရက လုပ်ငန်းခွင် လုံခြုံရေး စံနှုန်းတွေကို မြှင့်တင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။