ပြောင်းလဲချိန်တန်ပြီနှင့် မြို့တော်သားများပြောင်းလဲရမယ့် အမူအကျင့်များ

visibility 26 views schedule 8 years ago timer 0:51
open_in_new Dailymotion
ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ နေရာတစ်ခုဖြစ်တဲ့ မြေနီကုန်း တံတားမှာ ကစားကွင်းနဲ့ နားနေစရာနေရာတွေကို နိုင်ငံတကာအဆင့် လှလှပပ ဖန်တီးနေပါတယ်။ ကျပ်သိန်း လေးထောင်ကျော် အကုန်ကျခံလုပ်ထားတဲ့ ဒီစီမံကိန်းကို မတ်လ ကုန်လောက်မှာ အပြီးသတ်နိုင်မယ်လို့ သိရပါတယ်။ ပြင်ဆင်တည်ဆောက်နေတုန်းမှာပဲ ကွမ်းတံတွေးတွေ အမှိုက်တွေနဲ့ ညစ်ပတ်နေတဲ့ ဓာတ်ပုံတွေလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေပါပြီ။ ဒါကြောင့် 7Day TV ကနေ ပြောင်းလဲရမယ့် မြို့တော်သားတွေရဲ့ အမှုအကျင့်တွေထဲက တစ်ခုဖြစ်တဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းနဲ့ ပတ်သက်ပြီး တင်ဆက်လိုက်ရပါတယ်။