ကလေး၊ လူကြီးပါ မကျန် ပျော်ရွှင်စွာ ဆင်နွှဲ လွတ်လပ်ရေး အားကစားပွဲ

visibility 1 visualizzazioni schedule 8 anni fa timer 1:39
open_in_new Dailymotion
၆၉ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေကို မြို့တွင်း၊ မြို့ပြင်က ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ကလေး၊ လူကြီးပါ မကျန် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြပါတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားပွဲတွေနဲ့အတူ အားကစားပွဲတွေကိုလည်း လမ်းတိုင်းမှာလိုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ ဒီလို မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲတွေကို ပြန်လည်ကစားခြင်းဖြင့် ဒီကစားနည်း ကစားဟန်တွေကို အနာဂတ်လူငယ်တွေကို လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းသွားဖို့လည်း ဖြစ်ပါတယ်။<br />ရုပ်သံသတင်းထောက်- အလှလေးသူဇာ