စက်ချွတ်ယွင်းသွားတဲ့ ရိုလာကိုစတာပေါ်က လူ ၂၀ ကို ကယ်တင်

visibility 20 vues schedule il y a 8 ans timer 1:18
open_in_new Dailymotion
ဩစတြေးလျ နိုင်ငံက အပန်းဖြေ ဥယျာဉ်တစ်ခုမှာ ရိုလာကိုစတာတစ်စင်း စက်ချွတ်ယွင်းပြီး ခရီးတဝက်မှာ ရပ်တန့်သွားခဲ့ပေမယ့် လိုက်ပါစီးနင်းသူ ၂၀ ကို ဘေးမသီရန်မခ ကယ်တင်နိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်က ဩစတြေးလျနိုင်ငံ၊ ဂိုးလ်ကို့စ်က အပန်းဖြေ ဥယျာဉ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီ ဥယျာဉ်မှာပဲ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက အပျော်စီးဖောင် မတော်တဆမှု တစ်ခုကြောင့် လူ ၄ ယောက် သေဆုံးခဲ့ပါသေးတယ်။<br />အဲဒီ အပန်းဖြေ ဥယျာဉ်ဟာ ဩစတြေးလျမှာ အထင်ရှားဆုံး အပန်းဖြေ နားနေဇုန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာတုန်းက ဒီဥယျာဉ်ရဲ့ Dreamwolrdလို့ခေါ်တဲ့ မြစ်ရေစီးကြောင်းအတိုင်း အမြန်လိုက်ပါ စီးနင်းရတဲ့ ဖောင်တစ်ခုမှာ မတော်တဆမှု ဖြစ်ပွားပြီး လူ ၄ ယောက် သေဆုံးခဲ့ဖူးပါတယ်။ ဒါဟာ သမိုင်းတလျှောက် အပန်းဖြေ ဥယျာဉ်တွေမှာ အသေအပျောက် အများဆုံး မတော်တဆမှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။