အင်ဒိုနီးရှားမှာ ရဲတပ်ဖွဲ့ကို သဘောထားတင်းမာတဲ့ မွတ်ဆလင်တွေ ဆန္ဒပြ

visibility 1 Aufrufe schedule vor 8 Jahren timer 1:11
open_in_new Dailymotion
အနောက်ဂျာဗားဒေသ ရဲတပ်ဖွဲ့ အကြီးအကဲကို ရာထူးက နုတ်ထွက်ပေးဖို့ အင်ဒိုနီးရှားက သဘောထား တင်းမာတဲ့ မွတ်ဆလင်တွေ စုရုံး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ မနေ့က အစ္စလာမ်မစ် ကာကွယ်ရေး တပ်ဦးလို့ နာမည်ပေးထားတဲ့ အဖွဲ့အစည်းက ဦးဆောင်ပြီး လူ ၁၀၀၀ လောက်ပါတဲ့ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက အနောက်ဂျာဗား ရဲတပ်ဖွဲ့ဟာ မွတ်ဆလင်တွေကို ညှင်းပန်း နှိပ်စက်နေတယ်လို့ စွပ်စွဲပြီး ရဲတပ်ဖွဲ့ အကြီးအကဲကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဂျကာတာ မြို့တော်ဝန် ပွန်နာမာကိုလည်း ကိုရန်ကျမ်းစာကို မထေမဲ့မြင် လုပ်ခဲ့တယ်လို့ စွပ်စွဲ ဆန္ဒပြခဲ့ရာက အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပွားခဲ့ပြီး ပူနာမာ အနေနဲ့လည်း ဘာသာရေး စော်ကားမှုနဲ့ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။