အစိုးရပေးတဲ့ ထောက်ပံ့ကြေး တောင်သူတွေဆီ အပြည့်မရလို့ ဆန္ဒပြ

visibility 2 回視聴 schedule 8年前 timer 0:51
open_in_new Dailymotion
သဘာဝဘေးကြောင့် သီးနှံတွေ ပျက်စီးခဲ့ရတဲ့ တောင်သူတွေကို နိုင်ငံတော်က ပေးအပ်တဲ့ ထောက်ပံ့ကြေး စီမံရာမှာ အပြည့်အဝမပေးတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူဒကို အရာတော်မြို့နယ်တွင်းက တောင်သူတွေက ဆန္ဒပြနေကြတာပါ။ အရာတော်မြို့နယ် ခင်သာကျေးရွာက တောင်သူတစ်ရာကျော်က ဇန်နဝါရီ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းမှ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အကျင့်ပျက် ချစားမှုနှင့် အဂတိ လိုက်စားမှု ပပျောက်ရေး ပြည်သူ့ အကျိုးပြု ဝန်ထမ်းကောင်းများပေါ်ပေါက်ရေး၊ ပြည်သူ့အသံ လွှတ်တော်အသံ အမှန်တကယ် ပေါ်ပေါက်ရေး၊ တရားဥပဒေ စိုးမိုးရေး စသဖြင့် ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။<br />ရုပ်သံသတင်းထောက် - မျိုးမင်းဦး