ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ ရန်ကုန်မြို့ပြအမွေအနှစ် ကဗ္ဗည်းပြားတပ်ဆင်

visibility 3 προβολές schedule πριν 8 χρόνια timer 0:37
open_in_new Dailymotion
ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကဗ္ဗည်းပြားကို ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ တပ်ဆင်ခဲ့ပါတယ်။ယခုတပ်ဆင်တဲ့ ကဗ္ဗည်းပြားက ရန်ကုန်မြို့ပြ အမွေအနှစ် အဆောက်အအုံတွေမှာ တပ်ဆင်တဲ့ ၁၆ခုမြောက် ကဗ္ဗည်းပြားဖြစ်ပါတယ်။ အဲဒီ့ကဗ္ဗည်းပြား တပ်ဆင်မှုကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (YHT)က ဦးစီးပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ Royal Philips Corporationတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အပြာရောင် ကဗ္ဗည်းပြား တပ်ဆင်တာက ရန်ကုန်မြို့ရှိ သမိုင်းဝင် အမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းတတ်ဖို့ ရည်ရွယ်ပြီး တပ်ဆင်တာဖြစ်ပါတယ်။အဲဒီ့ ကဗ္ဗည်းပြား တပ်ဆင်တဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့ပါတယ်။<br />ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်