တိုက်ခန်းတွေကို သိန်း တစ်ရာနဲ့ ရောင်းနိုင်ဖို့ အစိုးရက မြေနေရာကူမယ်

visibility 1 views schedule 8 years ago timer 1:51
open_in_new Dailymotion
တန်ဖိုးနည်း တိုက်ခန်းတွေကို ငွေကျပ် သိန်းတရာ ၀န်းကျင်နဲ့ ရောင်းချနိုင်ဖို့ လိုအပ်တဲ့ မြေနေရာကိစ္စတွေကို အစိုးရဘက်က လုပ်ဆောင်ပေးသွားမယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အိမ်ယာ စီမံကိန်း ဖော်ဆောင်တဲ့နေရာမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပြီး .ရန်ကုန်တိုင်း အစိုးရရဲ့ လူနေ အိမ်ခန်း ရောင်းဝယ်မှု ပုံစံကိုလည်း စနစ်တခု ချမှတ်ပြီး ဆောင်ရွက်သွားးမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်<br />ရုပ်သံ သတင်းထောက်- အလှလေး သူဇာ