မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် စွမ်းအင်ကဏ္ဍကို အဓိကထားလေ့လာ

visibility 0 weergaven schedule 8 jaar geleden timer 3:13
open_in_new Dailymotion
ဂျပန်လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် စွမ်းအင်ကဏ္ဍကို အဓိကထားကြောင်း ဂျပန်လုပ်ငန်းရှင်တွေနှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တွေ့ဆုံပွဲမှာ JCCI ဥက္ကဌကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ ဖိတ်ကြားခဲ့တဲ့ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံမှ Japan Chamber of Commerce and Industry (JCCI) မှ စီးပွားရေးလုပ်ငန်းရှင် ၁၇၀ ပါဝင်တဲ့ အဖွဲ့ဟာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အဖွဲ့ဟာ ဇန်နဝါရီ၂၇ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားမယ်လို့သိရပါတယ်။<br /><br /><br />ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ