အမြန်လမ်းမှာ ယာဉ်မတော်တဆမှုတွေ ဘာကြောင့် အဖြစ်များသလဲ

visibility 1 visualizzazioni schedule 8 anni fa timer 1:54
open_in_new Dailymotion
အဝေးပြေး လေအိတ်ကားတွေကို မောင်းနေရတဲ့ ယာဉ်မောင်းတွေဟာ လူတစ်ဦး လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်ပြီး တာဝန်ယူ လုပ်ဆောင်နေရတယ်လို့ အငြိမ်းစား ရဲမှူးကြီး အောင်နိုင်က သုံးသပ်ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်က အမြန်လမ်းမ ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး သုတေသန လုပ်ဆောင်ရာမှာ ယာဉ်မောင်းတွေ ပေါ့ဆမှုကြောင့် အများဆုံး ဖြစ်တာ တွေ့ရတယ်လို့ သိရပါတယ်။ ၂၀၁၆ခုနှစ် ဇန်နဝါရီ မှ နိုဝင်ဘာ၃၀ ရက်အထိ ဆယ့်တစ်လအတွင်း ရန်ကုန်- မန္တလေးအမြန်လမ်းမှာ ဖြစ်ပွားတဲ့ယာဉ်မတော်တဆမှုပေါင်း ၆၉၄ မှုရှိခဲ့ပြီး ယာဉ်မတော်တဆမှု ကြောင့် သေဆုံးသူ ၁၄၉ ဦးရှိခဲ့ ကြောင်း အမြန်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်များအရသိရပါတယ်။ လက်ရှိ ခရီးဝေးသွားနေရတဲ့ အဝေးပြေးကား အများစုမှာ ယာဉ်မောင်းတစ်ဦးပဲ ထားရှိနေတာကလည်း ယာဉ်တိုက်မှု ဖြစ်နိုင်ခြေကို ပိုမြင့်စေတယ်လို့ ဆိုပါတယ်။<br />ရုပ်သံ သတင်းထောက် - အလှလေး သူဇာ