ဦးကိုနီရဲ့ နာရေးကို လူထောင်နှင့်ချီ လိုက်ပါပို့ဆောင်

visibility 8 views schedule 8 years ago timer 0:54
open_in_new Dailymotion
သေနတ်သမား တစ်ဦးရဲ့ ပစ်ခေတ်လုပ်ကြံ ခံရတာကြောင့် သေဆုံးသွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ ရုပ်အလောင်းကို ယနေ့ (ဇန်နဝါရီ ၃၀ရက်) ညနေ ၄နာရီမှာ ရေဝေး စွန္နိမွတ်စလင်မ်ကဗရ်စတာန် ဥယျာဉ်တော် သချိုင်္င်းမှာ သဂြိုင်္လ်ခဲ့ပါတယ်။ ဦးကိုနီရဲ့ နောက်ဆုံးခရီးကို လူထောင်နဲ့ချီပြီး လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ဒီချုပ် ပါတီနာယက သူရဦးတင်ဦး၊ ဦးဥာဏ်ဝင်းနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုမြအေး စသည်တို့ကလည်း လာရောက် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးလည်း လာရောက်ခဲ့ပါတယ်။ ဦးကိုနီရဲ့ နာရေးကို လိုက်ပါပို့ဆောင်ပေးသူ တချို့ဟာ ဖဲကြိုးအနက်တွေ တပ်ဆင်သူများနဲ့ အင်္ကျီအဖြူပေါ်မှာ “ငါတို့သည် ဦးကိုနီများ ဖြစ်သည်” ဟူသော စာတန်းပါ အင်္ကျီတွေ ဝတ်ဆင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။<br />ရုပ်သံသတင်းထောက် - မြတ်သီဟမောင်