မက္ကဆီကိုစီးတီးမှာ အမေရိကန်နဲ့ မက္ကဆီကို သမ္မတတွေရဲ့ ပုံတူဖယောင်းရုပ်တုတွေ တွေ့ဆုံ

visibility 1 Aufrufe schedule vor 8 Jahren timer 1:44
open_in_new Dailymotion
အမေရိကန်နဲ့ မက္ကဆီကို သမ္မတတွေ လူချင်းတွေ့ဆုံမယ့် အစီအစဉ် ပျက်သွားပေမယ့် ပုံတူ ဖယောင်းရုပ်တု နှစ်ခုကတော့ မက္ကဆီကို စီးတီးမှာ တွေ့ဆုံဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတသစ် ဖြစ်လာတဲ့နောက် နှစ်နိုင်ငံကြား တံတိုင်းကာရေး စီမံကိန်းကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး သဘောမတူတဲ့ အတွက် မက္ကဆီကို သမ္မတ အန်ရီကေး ပီနာနီတိုက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထရမ့်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ဒါပေမဲ့ မက္ကဆီကိုစီးတီးက ဖယောင်းရုပ်တု ပြတိုက်မှာတော့ ထရမ့်နဲ့ နီတိုတို့ရဲ့ ကိုယ်ပွားတွေ အချင်းချင်း တွေ့ဆုံဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထရမ့်ဟာ မက္ကဆီကိုဘက်က တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို တားဆီးဖို့ နှစ်နိုင်ငံ နယ်နိမိတ်တလျှောက် တံတိုင်းကာပြီး အဲဒီအတွက် ကုန်ကျစရိတ်ကို မက္ကဆီကို အစိုးရက ကျခံရမယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာကြောင့် နီတိုက ထရမ့်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။