ဒီနှစ်အကယ်ဒမီအတွက် ရွှေကြို ၁၆ ယောက်ပဲရွေးမယ်

visibility 9 tayangan schedule 8 tahun yang lalu timer 0:40
open_in_new Dailymotion
၂၀၁၆ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်သွားမယ့် အကယ်ဒမီဆုချီးမြှင့်ပွဲမှာ ရွှေကြိုမောင်မယ် ၁၆ ဦးသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာ ဝါသနာရှင်တွေကို မြေတောင်မြှောက်ပေးတဲ့ နေရာတစ်ခုဖြစ်တဲ့ ရွှေကြိုကို ဒီနှစ်မှာ လာရောက်လျှောက်ထားသူ ၇၀၀ နီးပါး ရှိခဲ့တာပါ။ အရင်ကတော့ ရွှေကြိုမောင်မယ် ၂၀ဦး ရွေးချယ်လေ့ရှိတာ ဖြစ်ပါတယ်။ ပဏာမရွှေကြိုမောင်မယ် ၁၆၁ ဦးထဲကနေ ၁၆ ဦးကိုပဲ စိစစ်ရွေးချယ်မှာပါ။ လာမယ့်ဖေဖော်ဝါရီ ၈ ရက်မှာ နောက်ဆုံးအဆင့် စိစစ်ပြီး အကဲဖြတ်ရွေးချယ်သွားမှဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ပေးပွဲကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီးကျင်းပသွားမှာဖြစ်ပြီး လာမယ့် မတ်လထဲမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။<br />ရုပ်သံသတင်းထောက် - အောာင်မျိုးထွန်း၊ အေးမြတ်