ဟံသာဝတီ ဦးဝင်းတင်ရဲ့၈၇ နှစ်ပြည့် မွေးနေ့ပွဲကို ဂုဏ်ပြုကျင်းပ
ဟံသာဝတီ ဦးဝင်းတင်ရဲ့ ၈၇ နှစ်ပြည့် မွေးနေ့ပွဲကို လမ်းမတော်မြို့နယ်မှာရှိတဲ့ Yangon Book Plazaမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ မတ်လ(၁၂)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဘဘဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်မြန်မာအဖွဲ့နဲ့Yangon Book Plazaတို့ ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲလေးမှာ ထူးထူးခြားခြားအစီအစဉ်လေးအဖြစ် 'ဘယ်သူလဲဟဲ့ ဦးဝင်းတင်'ခေါင်းစဉ်နဲ့ ဘဘဦးဝင်းတင်နဲ့အတူ စာပေလောက၊ နိုင်ငံရေးလောကတွေမှာအတူတကွ ကျင်လည်ဖြတ်သန်းခဲ့ကြသူတွေဖြစ်တဲ့ဆရာအောင်ဝင့်(ဦးအုန်းကြိုင်)၊ ဆရာမောင်မိုးသူ၊ ဆရာမျိုးမြင့်ညိမ်း၊ ဆရာမမသီတာ-စမ်းချောင်းနှင့် ဆရာဂျင်မီတို့ကဦးဝင်းတင်အကြောင်း ပြန်လည်ပြောပြခဲ့ကြပါတယ်။ Yangon Book Plaza Exclusive Committee ၀င်တွေက ရွေးချယ်ခဲ့တဲ့ စာရေးဆရာကြီး ၁၂ ဦးရဲ့ အထိမ်းအမှတ် ပုံတူတွေ၊ လက်ရေးမူတွေနဲ့ကိုယ်ရေးအကျဉ်းတွေကိုလည်း ထားရှိပေးထားပြီး စာရေးဆရာကြီး ၁၂ ဦးရဲ့ မွေးနေ့တွေ ၊ အထိမ်းအမှတ်နေ့တွေကိုလည်း လစဉ် ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။<br /><br />ရုပ်သံ သတင်းထောက် - လွင်သဲငယ်ဦး