အင်းယားလမ်း ဒီနှစ်လည်း သင်္ကြန်မဏ္ဍပ်ဆောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ မြို့တော်ဝန်ပြော

visibility 1 views schedule 8 years ago timer 1:20
open_in_new Dailymotion
ခိုက်ရန်ဖြစ်ပွားမှု များတာကြောင့် အင်းယားလမ်းမှာ ဒီနှစ်လည်း သင်္ကြန်မဏ္ဍပ်ဆောင်ခွင့် ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်ထိ သင်္ကြန်မှာ ဘယ်လိုအချက်တွေနဲ့ မဏ္ဍပ်ဆောင်ခွင့်ရမယ်ဆိုတာကို အစိုးရက အသေးစိတ် အသိပေး ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အင်းယားလမ်းမှာတော့ မဏ္ဍပ်ဆောင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ မနှစ်သင်္ကြန်တုန်ုးက ကမ္ဘာအေး ဘုရားလမ်းနဲ့ ကန်ပတ်လမ်းတို့မှာ မဏ္ဍပ်ဆောင်ခွင့် မပြုခဲ့ဘဲ ပြည်လမ်းမှာသာ မဏ္ဍပ်တွေ ဆောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။<br /><br />ရုပ်သံ သတင်းထောက်- အလှလေး သူဇာ