မြို့တော်ဝန်နဲ့ လူငယ်အဖွဲ့တွေ ဘာတွေဆွေးနွေးနေလဲ

visibility 5 tontonan schedule 8 tahun yang lalu timer 3:50
open_in_new Dailymotion
နိုင်ငံရေးအပြောင်းအလဲပဲဖြစ်ဖြစ် စီးပွားရေး လူမှုရေး ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးတွေမှာမဆို ပထမဆုံး အကျိုးသက်ရောက်မှုနဲ့ ထိတွေ့မှု အရှိဆုံးက လူငယ်ပါ။ မြို့ပြဖွံ့ဖြိုးရေးကဏ္ဍတွေမှာ လူငယ်တွေက မြို့တော်ဝန်နဲ့ အစိုးရကို ကူညီနိုင်အောင် ပူးဆောင်လုပ်ဆောင်သွားဖို့ဒီနေ့ ဧပြီလ၂၂ ရက်မှာ မြို့ပြဆိုင်ရာ လူငယ်ပါဝင်မှုအခန်းကဏ္ဍ ပူးပေါင်းဆွေး နွေးပွဲကို မြို့တော်ဝန်အပါဝင် နယ်ပယ်အသီးသီးက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတစ်ခုကို လူငယ်ဦးဆောင်အဖွဲ့တွေက ပြုလုပ်နေပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးပြုလုပ်တာဖြစ်ပြီး ဧပြီ ၂၂ ၊၂၃ နှစ်ရက်ပြုလုပ်မှာပါ။ အသက် ၃၅ နှစ်အောက် လူငယ်အယောက်၃၀ ကိုသာ သီးသန့်ဖိတ်ကြားတဲ့ ဒီပွဲမှာ ရန်ကုန်လူငယ်ကွန်ယက်အဖွဲ့ နဲ့ စိမ်းလန်းအိမ် အဖွဲ့တို့ကဦးဆောင်ကျင်းပတာပါ။<br /><br />ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ