အာနန်ကော်မရှင် ဘာသာပေါင်းစုံအဖွဲ့တွေနဲ့တွေ့ဆုံ

visibility 8 tontonan schedule 8 tahun yang lalu timer 1:28
open_in_new Dailymotion
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ ဘာသာပေါင်းစုံအဖွဲ့တွေဟာ ဒီနေ့ မေလ၈ရက် မှာ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ် မှာ တွေ့ဆုံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့မတ်လက အစိုးရထံ ပေးပို့ခဲ့တဲ့ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံအဖွဲ့တွေရဲ့အမြင်တွေ နဲ့ အကြံပြုချက်တွေကို ဒီတွေ့ဆုံပွဲမှာ ပြောဆိုခဲ့ကြကြောင်း ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းမြက ပြောပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ကြားဖြတ်အစီရင်ခံစာတင်သွင်းခဲ့ပြီး ကျန်းမာရေး နဲ့ ပညာရေးကိစ္စ၊ရဲတပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးပို့ချပေးဖို့၊ တိုင်ကြားမှုတွေကိုသေချာဖြေရှင်းဖို့ စတဲ့ အချက်တွေ ပါဝင်ခဲ့ပါတယ်။<br /><br />ရုပ်သံသတင်းထောက် - မြတ်သီဟမောင်