သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် လက်ပတ်ဖြူလှုပ်ရှားမှု စတင်

visibility 6 مشاهدة schedule منذ 8 سنة timer 2:51
open_in_new Dailymotion
သတင်းမီဒီယာသမားတွေ စုပေါင်းပြီး သတင်းလွတ်လပ်ခွင့်အတွက် ဆယ်ရက်ကြာမြင့်မယ့် လက်ပတ်ဖြူ လှုပ်ရှားမှု တစ်ခုကို ဒီနေ့ ဇွန်လ ၈ ရက် မှာ စတင်လိုက်တာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာတော့ သတင်းသမား တစ်ရာကျော် ပါဝင်တယ်လို့သိရပါတယ်။

သတင်းမီဒီယာသမားတွေ အပေါ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို အရေး ယူနေတာတွေ မလုပ်ဖို့နဲ့ တရားစွဲဆိုခံရတဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ဒီလက်ပတ်ဖြူ လှုပ်ရှားမှုကို ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်းတို့ရဲ့ ရုံးချိန်းမှာ ၀တ်ဆင်ပြီး သတင်းယူနေကြတာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့က Orchid Hotel မှာ သတင်းမီဒီယာ နယ်ပယ်အသီးသီးက သတင်းသမား တစ်ရာကျော်နဲ့ ညီလာခံ ကျင်းပခဲ့ပြီး ညီလာခံကနေ လက်ပတ်ဖြူ လှုပ်ရှားမှု လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတာပါ။

ဒီလက်ပတ်ဖြူ လှုပ်ရှားမှုကို ဒီနေ့ ဇွန်လ ၈ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပြီး လက်ပတ်လှုပ်ရှားမှု ပြီးရင် ဒုတိယအဆင့်အနေနဲ့ သတင်းသမားတွေ လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု တစ်ခု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အခုဆိုရင် ၆၆ (ဃ)နဲ့ အမှုဖွင့်ခံတဲ့ အမှုပေါင်းဟာ ၆၈ မှု ဖြစ်လာပြီ ဖြစ်ပြီး အဲဒီအမှုထဲမှာ သတင်းမီဒီယာသမားတွေအပေါ် ၆၆(ဃ)နဲ့ တရားစွဲဆိုမှုဟာ ကိုးမှု ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ