ကျူးကျော်တချို့ တိုင်းအစိုးရနဲ့တွေ့ဖို့ကြိုးစား

visibility 1 tontonan schedule 8 tahun yang lalu timer 1:50
open_in_new Dailymotion
လှည်းကူးမြို့နယ်က ဖယ်ရှားခံလိုက်ရတဲ့ ကျူးကျော်တချို့ က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ တွေ့ဆုံဖို့အတွက် တိုင်းအစိုးရ ရုံးကိုလာရောက်ခဲ့ပေမယ့် တွေ့ဆုံခွင့်မရဘူးလို့ သိရပါ တယ်။ အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃) အနီးက ဖယ်ရှားခံလိုက်ရတဲ့ ကျူးကျော်တွေထဲက တချို့ ဟာ ဒီကနေ့ ဇွန်လ ၂၀ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြည်ပခရီးစဉ်သွားနေတာကို သိပေမယ့် တိုင်းအစိုးရအဖွဲ့ထဲက တာဝန်ရှိသူတစ်ဦးဦးနဲ့တွေ့ဆုံခွင့်ရဖို့အတွက်လာရောက်ခဲ့တာလို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ ကြိုတင်အကြောင်းမကြားဘဲ တွေ့ဆုံခွင့်တောင်းခဲ့တဲ့ အတွက် တိုင်းအစိုးရရုံး ဝင်ပေါက်ဂိတ်ဝမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေက စာတင်ပြီးမှ တွေ့ဆုံခွင့်ရမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒါကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံခွင့်ရဖို့အတွက် ဒီကနေ့မှာပဲ စာတင်သွားမယ်လို့ သိရပါတယ်။

ဒီကနေ့မှာ လာရောက်တွေ့ဆုံသူတွေက ဖယ်ရှားခံရတဲ့ ကျူးကျော်တွေအားလုံးကိုယ်စားလာရောက်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်၊ အလှလေးသူဇာ