ကောင်းမှုတော် စေတီ ထုံးသင်္ကန်းရန် ပြည်သူ့အသံ (ရုပ်/သံ)

visibility 1 views schedule 8 years ago timer 5:04
open_in_new Dailymotion
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင်တည်ထားသည့် ရာဇမဏိစူဋ္ဌာ ကောင်းမှုတော် ဘုရားကြီးအား ထုံးသင်္ကန်း ပြန်လည်ကပ်လှူ ပူဇော်ခွင့်ရရှိရေးအတွက် အရပ်ဖက်ပရဟိတအဖွဲ့အစည်းများမှ ဦးဆောင်ကာ မြို့ခံပြည်သူလူထု ဆန္ဒသဘောထား လက်မှတ်ကောက်ခံနေခြင်းကို ဇန်န၀ါရီလ ၁၂ရက်နေမှ စတင်ကောက်ခံခဲ့ရာ ဇန်န၀ါရီလ ၁၄ရက်နေ့ ၃ရက်မြောက်နေ့တွင် လက်မှတ်ပေါင်း ၁သောင်းကျော်ရရှိနေပြီဖြစ်ကြောင်းသိရသည်။ ရရှိလာသည့် ပြည်သူ့သဘောထားလက်မှတ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနသို့ တင်ပြကာ အဆုံးအဖြတ်ချက်ကို ခံယူသွားမှာဖြစ်ကြောင်းသိရသည်။ ရာဇမဏိစူဋ္ဌာ ကောင်းမှုတော်ဘုရားကြီးစတင်တည်ထားခဲ့သည်မှာ နှစ်ပေါင်း ၄၀၀နီးပါးရှိပြီဖြစ်ပြီး စတင်တည်ထားသည်မှ ၂၀၁၀ခုနှစ်အထိ ထုံးသင်္ကန်းကိုသာ ကပ်လှူပူဇော်လာခဲ့ကြသည်။