နေပြည်တော် အခြေစိုက် ကုလ အထူးကိုယ်စားလှယ်ရုံး ဖွင့်ခွင့် လက်မခံဟု ကြံ့ခိုင်ရေးပါတီ ပြော (ရုပ်/ သံ)

visibility 1 views schedule 8 years ago timer 6:02
open_in_new Dailymotion

ကုလသမဂ္ဂ အတွင်းရေးမှုူးချူပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး နေပြည်တော်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးတခု ဖွင့်လှစ်သွားရန်ရှိကြောင်း မီဒီယာတချို့ကို ထုတ်ဖော်ပြောဆိုလျှက်ရှိရာ ယင်းရုံးဖွင့်လှစ်ခြင်းကို သဘောမတူကြောင်း အတိုက်အခံအင် အားကြီး ပါတီတခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧရာဝတီသို့ ပြောဆိုလိုက်သည်။ အစိုးရကမှု ယင်းအထူးကိုယ်စားလှယ်ရုံးဖွင့် လှစ်ခြင်းနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

ရိုက်ကူး - ထက်နိုင်ဇော်၊ ကျော်မျိုး