ေရေဘးေၾကာင့္ လယ္ယာေျမဧက သုံးသိန္းေက်ာ္ထိခိုက္ပ်က္စီး ၾသဂုတ္ - ၄ ၊၂၀၁၈ေရႀကီးေရလွ်ံျဖစ္စဥ္ေတြေၾကာင့္ တစ္ႏိုင္ငံလုံးမွာ လယ္ယာေျမဧက ၁၁ သိန္းေက်ာ္ ေရလႊမ္းခဲ့ၿပ
ေရေဘးေၾကာင့္ လယ္ယာေျမဧက သုံးသိန္းေက်ာ္ထိခိုက္ပ်က္စီး

ၾသဂုတ္ - ၄ ၊၂၀၁၈

ေရႀကီးေရလွ်ံျဖစ္စဥ္ေတြေၾကာင့္ တစ္ႏိုင္ငံလုံးမွာ လယ္ယာေျမဧက ၁၁ သိန္းေက်ာ္ ေရလႊမ္းခဲ့ၿပီး ဧက သုံးသိန္းေက်ာ္ ကေတာ့ ထိခိုက္ပ်က္စီးခဲ့ရတယ္လို႕ စိုက္ပ်ိဳးေရး ၊ေမြးျမဴ ေရးနဲ႕ ဆည္ေျမာင္ဝန္ႀကီးဌာန ဒုတိယအျမဲတမ္းအတြင္းဝန္ ဦးမ်ိဳးတင့္ထြန္းဆီက သိရပါတယ္။

ေရေဘးရင္ဆုိင္ခဲ့ရတဲ့ေဒသေတြကေတာ့ ပဲခူတိုင္း ၊ တနသာၤရီတိုင္း ၊ ကရင္ျပည္နယ္ ၊မြန္ျပည္နယ္ ၊ ဧရာဝတီ တိုင္းတို႕ျဖစ္ၿပီး ပဲခူတိုင္းကေတာ့ ထိခိုက္ပ်က္စီးမႈ အမ်ားဆုံးျဖစ္တယ္လို႕ ဆိုပါတယ္။

ဝန္ႀကီးဌာနက ေကာက္ယူထားတဲ့ စာရင္းအရ ပဲခူးတိုင္းက ဧကငါးေသာင္း ၊ ဧရာဝတီတိုင္းက ဧကသုံးေသာင္း ၊ ကရင္ျပည္နယ္ ဧက ခုနွစ္ေထာင္ ၊ တနသာၤရီတိုင္းက ဧက ကိုးရာ ပ်က္စီးခဲ့ရတယ္လို႕ သိရပါတယ္။

ထိခိုက္ပ်က္စီးခဲ့ရတယ္တဲ့ လယ္ယာေျမေတြအတြက္ မ်ိဳးစပါးကို ေထာက္ပံေပးမယ့္အျပင္ နည္းပညာ ပိုင္း လည္းပံ့ပိုးေပးမယ္လုိ႕ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္းက မိုးေကာင္းခဲ့တာေၾကာင့္ တိုင္ေဒသႀကီးနဲ႕ျပည္နယ္အခ်ိဳ႕မွာ ေရႀကီးေရ လွ်ံမႈ ျဖစ္စဥ္ေတြျဖစ္ပြားခဲ့တာပါ ။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး

#ေရႀကီးေရလွ်ံ #လယ္ယာေျမ #မ်ိဳးစပါး #7DAY TV

(Unicode)

ရေဘေးကြောင့် လယ်ယာမြေဧက သုံးသိန်းကျော်ထိခိုက်ပျက်စီး

သြဂုတ် - ၄ ၊၂၀၁၈

ရေကြီးရေလျှံဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးမှာ လယ်ယာမြေဧက ၁၁ သိန်းကျော် ရေလွှမ်းခဲ့ပြီး ဧက သုံးသိန်းကျော် ကတော့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စိုက်ပျိုးရေး ၊မွေးမြူ ရေးနဲ့ ဆည်မြောင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းဆီက သိရပါတယ်။

ရေဘေးရင်ဆိုင်ခဲ့ရတဲ့ဒေသတွေကတော့ ပဲခူတိုင်း ၊ တနသာင်္ရီတိုင်း ၊ ကရင်ပြည်နယ် ၊မွန်ပြည်နယ် ၊ ဧရာဝတီ တိုင်းတို့ဖြစ်ပြီး ပဲခူတိုင်းကတော့ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းအရ ပဲခူးတိုင်းက ဧကငါးသောင်း ၊ ဧရာဝတီတိုင်းက ဧကသုံးသောင်း ၊ ကရင်ပြည်နယ် ဧက ခုနှစ်ထောင် ၊ တနသာင်္ရီတိုင်းက ဧက ကိုးရာ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ထိခိုက်ပျက်စီးခဲ့ရတယ်တဲ့ လယ်ယာမြေတွေအတွက် မျိုးစပါးကို ထောက်ပံပေးမယ့်အပြင် နည်းပညာ ပိုင်း လည်းပံ့ပိုးပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက မိုးကောင်းခဲ့တာကြောင့် တိုင်ဒေသကြီးနဲ့ပြည်နယ်အချို့မှာ ရေကြီးရေ လျှံမှု ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာပါ ။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

#ရေကြီးရေလျှံ #လယ်ယာမြေ #မျိုးစပါး #7DAY TV