ကိုသားႀကီးရဲ႕ ဇာတ္ကားကိုျပန္သရုပ္ေဆာင္ရတာတာဝန္ႀကီးတယ္လို႕ဆုိလာတဲ့ျမင့္ျမတ္စက္တင္ဘာ - ၁ ၊ ၂၀၁၈ဒါရို္က္တာ ဝင္းထြန္းထြန္း (အႏုပညာျပခ်က္)ရဲ႕ “သစၥာနန္းေတာ္” ရုပ္

visibility 77 lượt xem schedule 7 năm trước timer 1:41
open_in_new Dailymotion
ကိုသားႀကီးရဲ႕ ဇာတ္ကားကိုျပန္သရုပ္ေဆာင္ရတာတာဝန္ႀကီးတယ္လို႕ဆုိလာတဲ့ျမင့္ျမတ္

စက္တင္ဘာ - ၁ ၊ ၂၀၁၈

ဒါရို္က္တာ ဝင္းထြန္းထြန္း (အႏုပညာျပခ်က္)ရဲ႕ “သစၥာနန္းေတာ္” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ေဆာင္ထားတဲ့အကယ္ဒမီျမင့္ျမတ္ကသရုပ္ေဆာင္အကယ္ဒမီေဒြး(ခ)ကိုသားႀကီးရဲ႕ဇာတ္ကားကိုျပန္လည္သရုပ္ေဆာင္ရတဲ့အတြက္ တာဝန္ႀကီးတယ္လို႔ ဖြင့္ဟလာပါတယ္။

သစၥာနန္းေတာ္ ဇာတ္ကားဟာ လြန္ခဲ့တဲ့ ၁၂ ႏွစ္ခန္႔က အကယ္ဒမီ ေဒြး ကိုယ္တုိင္ ဒါရိုက္တာေရာ ၊ မင္းသာအျဖစ္ပါ သရုပ္ေဆာင္ထားၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကို အမ်ားႀကီးရရွိထားတဲ့ဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။

ဒီဇာတ္လမ္းဟာ ဆရာမလြန္းထားထားရဲ႕ ေအာင္ျမင္တဲ့ ဝတၳဳတစ္ပုဒ္ျဖစ္ၿပီး ရုပ္ရွင္အျဖစ္ ျပန္လည္ရိုက္ကူးတဲ့အခါအကယ္ဒမီျမင့္ျမတ္၊အကယ္ဒမီစိုးျမတ္သူဇာ၊ေရႊမႈံရတီ၊ဆုျမတ္ႏိုးဦးတုိ႔ ပါဝင္သရုပ္ေဆာင္ေနပါတယ္။

ျမင့္ျမတ္အေနနဲ႔ ကိုသားႀကီးရဲ႕ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကို ၾကည့္ဖူးသလို သူ႔ရဲ႕သရုပ္ေဆာင္ခ်က္ေတြက သဘာဝဆန္တာေၾကာင့္ အတုယူစရာျဖစ္တယ္လို႔ ဆိုလာပါတယ္။

ကိုသားႀကီးရဲ႕ ေအာင္ျမင္ခဲ့တဲ့ သစၥာနန္းေတာ္ကို လက္ရွိမွာ ဒါရို္က္တာဝင္းထြန္းထြန္း(အႏုပညာျပခ်က္)ကဖန္တီးေနၿပီး ဒီဇာတ္ကားကို အားေပးၾကဖု႔ိကိုလည္း ျမင့္ျမတ္ကဆိုလာပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

(Unicode)

ကိုသားကြီးရဲ့ ဇာတ်ကားကိုပြန်သရုပ်ဆောင်ရတာတာဝန်ကြီးတယ်လို့ဆိုလာတဲ့မြင့်မြတ်

စက်တင်ဘာ - ၁ ၊ ၂၀၁၈

ဒါရို်က်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်)ရဲ့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့အကယ်ဒမီမြင့်မြတ်ကသရုပ်ဆောင်အကယ်ဒမီဒွေး(ခ)ကိုသားကြီးရဲ့ဇာတ်ကားကိုပြန်လည်သရုပ်ဆောင်ရတဲ့အတွက် တာဝန်ကြီးတယ်လို့ ဖွင့်ဟလာပါတယ်။

သစ္စာနန်းတော် ဇာတ်ကားဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ခန့်က အကယ်ဒမီ ဒွေး ကိုယ်တိုင် ဒါရိုက်တာရော ၊ မင်းသာအဖြစ်ပါ သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီးရရှိထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ ဆရာမလွန်းထားထားရဲ့ အောင်မြင်တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတဲ့အခါအကယ်ဒမီမြင့်မြတ်၊အကယ်ဒမီစိုးမြတ်သူဇာ၊ရွှေမှုံရတီ၊ဆုမြတ်နိုးဦးတို့ ပါဝင်သရုပ်ဆောင်နေပါတယ်။

မြင့်မြတ်အနေနဲ့ ကိုသားကြီးရဲ့ ဇာတ်ကားတော်တော်များများကို ကြည့်ဖူးသလို သူ့ရဲ့သရုပ်ဆောင်ချက်တွေက သဘာဝဆန်တာကြောင့် အတုယူစရာဖြစ်တယ်လို့ ဆိုလာပါတယ်။

ကိုသားကြီးရဲ့ အောင်မြင်ခဲ့တဲ့ သစ္စာနန်းတော်ကို လက်ရှိမှာ ဒါရို်က်တာဝင်းထွန်းထွန်း(အနုပညာပြချက်)ကဖန်တီးနေပြီး ဒီဇာတ်ကားကို အားပေးကြဖို့ကိုလည်း မြင့်မြတ်ကဆိုလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်