
visibility 13 مشاهدة schedule منذ 7 سنة timer 0:54
open_in_new Dailymotion

သြဂုတ်-၂၉၊၂၀၁၈



သရုပ်ဆောင်ဇင်မာဦး ကတော့ လာ​ရောက်ခဲ့ခြင်းမရှိဘဲ သုဝဏ္ဏနယ်ေ​မြရဲစခန်းမှူး ဦးသန်းနိုင်​သာ လာ​ရောက်​ခဲ့ပြီး ​သက်​​သေခံအ​ထောက်​အထား အပြည့်​အစုံမပါလာတာ​ကြောင့်​ ရုံးချိန်းကိုပြန်​လည်​ချိန်းဆိုခဲ့ပါတယ်​။



Unicode

လီဆယ်မှုနဲ့တိုင်ကြားခံရတဲ့ မခင်မာမြင့်အမှုမှာ တရားလိုဘက်ကို စတင်စစ်ဆေး

သြဂုတ်-၂၉၊၂၀၁၈

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကို မုဒိန်းမှုနဲ့ လီဆည်တိုင်ကြားခဲ့တဲ့ တရားခံမခင်မာမြင့်နဲ့ဒေါ်ညိုတို့ကို ဒီကနေ့ သြဂုတ် ၂၉ရက်က ရန်ကုန်မြို့. သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ လေးကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။

ဒီကနေ့ လေးကြိမ်မြောက်ရုံးထုတ်တဲ့နေမှာပ တရားလိုတွေဖြစ်တဲ့ သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းနိုင်နဲ့ ဒေါ်ဇင်မာဦးတို့ကို စစ်ဆေးတာဖြစ်ပါတယ်။

သရုပ်ဆောင်ဇင်မာဦး ကတော့ လာရောက်ခဲ့ခြင်းမရှိဘဲ သုဝဏ္ဏနယ်မြေရဲစခန်းမှူး ဦးသန်းနိုင်သာ လာရောက်ခဲ့ပြီး သက်သေခံအထောက်အထား အပြည့်အစုံမပါလာတာကြောင့် ရုံးချိန်းကိုပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ပဉ္စမအကြိမ်မြောက်ရုံချိန်းကိုတော့ လာမယ့်စက်တင်ဘာ ၅ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်-အေးမြတ်