မြန်မာနိုင်ငံက အမျိုးသမီး ၅ ပုံတပုံ နီးပါးဟာ သားဆက်ခြားနည်းတွေကို လက်လှမ်းမမီသေးစက်တင်ဘာ-၂၃၊၂၀၁၈မြန်မာနိုင်ငံမှာ သားဆက်ခြားလိုတဲ့ အမျိုးသမီးအယောက် တစ်ရာမှာ ဆ
မြန်မာနိုင်ငံက အမျိုးသမီး ၅ ပုံတပုံ နီးပါးဟာ သားဆက်ခြားနည်းတွေကို လက်လှမ်းမမီသေး
စက်တင်ဘာ-၂၃၊၂၀၁၈

မြန်မာနိုင်ငံမှာ သားဆက်ခြားလိုတဲ့ အမျိုးသမီးအယောက် တစ်ရာမှာ ဆယ့်ခြောက်ယောက်က လိုအပ်တဲ့သားဆက်ခြားနည်းလမ်းတွေကို လက်လှမ်းမီမရရှိနိုင်သေးဘူးလို့ ကျန်းမာရေးနဲ့အားကစား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။

ဒီကနေ့ စက်တာဘာလ(၂၃)ရက်က လှိုင်သာယာမြို့နယ်မှာပြုလုပ်တဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ပွဲမှာ ပြောကြားခဲ့တာပါ။

စက်တင်ဘာလ(၂၆)ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ပွဲကို မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်ဟာ လူဦးရေထူထပ်ပြီး မိခင်သေဆုံးမှုနှုန်းလဲမြင့်မားတာကြောင့် မျိုးဆက်ပွားကျန်းမားရေးနဲ့သားဆက်ခြားနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးလိုတဲ့အတွက် လှိုင်သာယာမြို့နယ်မှာကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်
တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ၊ကျန်းမာရေးအသိပညာပြခန်းတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို ထည့်သွင်းကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံလူနေမှုဘ၀နဲ့ကျန်းမာရေးဆိုင်ရာစစ်တမ်းအရ (၂၀၁၅-၁၆)ခုနှစ်မှာ မျိုးပွားနိုင်တဲ့အသက်အရွယ်ရှိ
အိမ်ထောင်ရှင်အမျိုးသမီး(၅၁)၇ာခိုင်နှုန်းဟာ ခေတ်မီသားဆက်ခြားနည်းတစ်မျိုးမျိုးကို သုံးစွဲနေပြီး ၂၀၁၈ခုနှစ်မှာတော့ (၅၇)ရာခိုင်နှုန်းထိ သုံးစွဲလာတာကို တွေ့ရတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး