ဇာတ္တိုက္ေနခ်ိန္မွာ မင္းသမီးတစ္ဦး ေသနတ္မွန္ေသဆံုး ေအာက္တိုဘာ-၈၊၂၀၁၈ဇာတ္တိုက္ေလ့က်င့္ရင္းနဲ႔ နတ္၀င္ပူးသလုိျဖစ္လို႔ ဇာတ္အုပ္ျဖစ္သူက ေသနတ္နဲ႔ေျခာက္ပစ္ရာကေန မ

visibility 1 visualizações schedule há 7 anos timer 1:46
open_in_new Dailymotion
ဇာတ္တိုက္ေနခ်ိန္မွာ မင္းသမီးတစ္ဦး ေသနတ္မွန္ေသဆံုး

ေအာက္တိုဘာ-၈၊၂၀၁၈

ဇာတ္တိုက္ေလ့က်င့္ရင္းနဲ႔ နတ္၀င္ပူးသလုိျဖစ္လို႔ ဇာတ္အုပ္ျဖစ္သူက ေသနတ္နဲ႔ေျခာက္ပစ္ရာကေန မင္းသမီးတစ္ဦးေသဆုံးသြားမႈ ကရင္ျပည္နယ္မွာ ျဖစ္ပြားခဲ့ပါတယ္။

လႈိင္းဘဲြျမိဳ႕နယ္ ေနာင္ျမလြဲရြာမွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၅ ရက္က ျဖစ္ပြားခဲ့တာပါ။

ဇာတ္တုိက္ေလ့က်င့္ေနရင္း နတ္၀င္ပူးသလုိျဖစ္ရာမွ ဇာတ္အုပ္ကစိတ္တုိျပီး ေသနတ္ကိုမုိးေပၚေထာင္ေျခာက္ပစ္ရာကေန မင္းသမီးကို သြားေရာက္ထိမွန္ေသဆုံးသြားခဲ့တယ္လို႔ ကရင္ျပည္နယ္ရဲ႕ဇာတ္သဘင္အဖြဲ႔ အတြင္းေရးမွဴးက ဆုိပါတယ္။

ေသဆုံးသြားခဲ့သူ ဇာတ္မင္းသမီးဟာ အသက္ ၁၉ အရြယ္ရွိျပီး ေနာင္ျမလြဲရြာမွာပဲ ေနထုိင္တယ္လုိ႔လည္း သိရပါတယ္။

အဲဒီ ကရင္ဇာတ္သဘင္ဟာ ျငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔ရဲ႕ ဇာတ္သဘင္တစ္ခုျဖစ္တယ္လို႔ ျငိမ္းခ်မ္းေရးေကာင္စီရဲ႕ေျပာေရးဆုိခြင့္ရွိသူ ေစာေက်ာ္ညြန္႔က ဆုိပါတယ္။

ဒီျဖစ္စဥ္နဲ႔ပက္သက္ၿပီး ပိုင္က်ဳံနယ္ေျမရဲစခန္းမွာေတာ့ အမႈလာေရာက္ဖြင့္တာမ်ဳိးမရွိဘူးလုိ႔ စခန္းမွဴးဆီကသိရပါတယ္။

ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔က ေသနတ္ပစ္ခတ္သူကိုအေရးယူေဆာင္ရြက္ထားတယ္လုိ႔ လည္း သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး

Unicode

ဇာတ်တိုက်နေချိန်မှာ မင်းသမီးတစ်ဦး သေနတ်မှန်သေဆုံး

အောက်တိုဘာ-၈၊၂၀၁၈

ဇာတ်တိုက်လေ့ကျင့်ရင်းနဲ့ နတ်ဝင်ပူးသလိုဖြစ်လို့ ဇာတ်အုပ်ဖြစ်သူက သေနတ်နဲ့ခြောက်ပစ်ရာကနေ မင်းသမီးတစ်ဦးသေဆုံးသွားမှု ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

လှိုင်းဘွဲမြို့နယ် နောင်မြလွဲရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်က ဖြစ်ပွားခဲ့တာပါ။

ဇာတ်တိုက်လေ့ကျင့်နေရင်း နတ်ဝင်ပူးသလိုဖြစ်ရာမှ ဇာတ်အုပ်ကစိတ်တိုပြီး သေနတ်ကိုမိုးပေါ်ထောင်ခြောက်ပစ်ရာကနေ မင်းသမီးကို သွားရောက်ထိမှန်သေဆုံးသွားခဲ့တယ်လို့ ကရင်ပြည်နယ်ရဲ့ဇာတ်သဘင်အဖွဲ့ အတွင်းရေးမှူးက ဆိုပါတယ်။

သေဆုံးသွားခဲ့သူ ဇာတ်မင်းသမီးဟာ အသက် ၁၉ အရွယ်ရှိပြီး နောင်မြလွဲရွာမှာပဲ နေထိုင်တယ်လို့လည်း သိရပါတယ်။

အဲဒီ ကရင်ဇာတ်သဘင်ဟာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ ဇာတ်သဘင်တစ်ခုဖြစ်တယ်လို့ ငြိမ်းချမ်းရေးကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ စောကျော်ညွန့်က ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ပိုင်ကျုံနယ်မြေရဲစခန်းမှာတော့ အမှုလာရောက်ဖွင့်တာမျိုးမရှိဘူးလို့ စခန်းမှူးဆီကသိရပါတယ်။

ငြိမ်းချမ်းရေးကောင်စီအဖွဲ့က သေနတ်ပစ်ခတ်သူကိုအရေးယူဆောင်ရွက်ထားတယ်လို့ လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး