အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က အာဖရိကတိုက်ရဲ့ စီးပွားရေးကဏ္ဍမှာ အသာစီးရအောင် အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ အာဖရိကတခွင် စီးပွားရေးတိုးတက်အောင် ကြိုးပမ်းမှုအဖြစ် အေ

visibility 5 views schedule 7 years ago timer 2:58
open_in_new Dailymotion
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က အာဖရိကတိုက်ရဲ့ စီးပွားရေးကဏ္ဍမှာ အသာစီးရအောင် အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ အာဖရိကတခွင် စီးပွားရေးတိုးတက်အောင် ကြိုးပမ်းမှုအဖြစ် အခြေခံအဆောက်အဦစီမံကိန်းတွေနဲ့ နိုင်ငံရပ်ခြားအထောက်အပံ့တွေအတွက် တရုတ်နိုင်ငံက သန်းထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံနဲ့စာရင် နောက်ကျကျန်နေခဲ့ပြီလို့ တချို့ကဆိုပါတယ်။ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီအကြီးအကဲ Mark Green ကတော့ အာဖရိကတိုက်မှာ တရုတ်နဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်ရဲ့ ချဉ်းကပ်ပုံနဲ့ ပတ်သက်လို့ VOA ဝါရင့်သတင်းထောက် Greta Van Susteren နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းပြပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။