ပန်ဒါချည်မျှင်နှင့်အထည်စက်ရုံမှ အလုပ်ထုတ်ခံရသူများ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် ဆောင်ရွက်မည်ဟုဆို*****************************ပလိပ်မြို့၊ပန်ဒါချည်မျှင်နှင့်အထ

visibility 7 weergaven schedule 7 jaar geleden timer 3:15
open_in_new Dailymotion
ပန်ဒါချည်မျှင်နှင့်အထည်စက်ရုံမှ အလုပ်ထုတ်ခံရသူများ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် ဆောင်ရွက်မည်ဟုဆို

ပလိပ်မြို့၊ပန်ဒါချည်မျှင်နှင့်အထည်စက်ရုံမှ အလုပ်ထုတ်ခံထားရသည့် လုပ်သား ၂၀၀ဦးကျော် အလုပ်ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဟု စဥ့်ကိုင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က မဇ္ဈိမကိုပြောသည်။

"အလုပ်သမားတွေ တောင်းဆိုထားတာတော့အများကြီးရှိတယ်လေ။အများကြီးထဲကနေပြီးတော့ ကျွန်တော်တို့ လုပ်ပေးနိုင်တာ အရေးကြီးဆုံးအနေနဲ့ လုပ်ပေးနိုင်တာကတော့ လုပ်ပေးချင်တာကတော့ လုပ်ပေးရမယ့် ဟာက တော့ လုပ်ငန်းခွင်ထဲ ပြန်ရောက်ရေးပဲ။ဒါကို ဦးစားပေးလုပ်မယ်။ကျန်တဲ့ဟာတွေကိုတော့ ဒုတိယ၊ တတိယ အနေနဲ့ ဆက်လုပ်သွားမယ်။ဝန်ကြီးချုပ်နဲ့လည်း တွေ့ထားတယ်။ ဒီကိစ္စပြေလည်ရာ ပြေလည်ကြောင်း ကျွန်တော်တို့အနေနဲ့ တောင်းဆိုဖို့ ပြင်ဆင်ထားတယ်။" ဟု ဦးလှိုင်ဝင်းကပြောသည်။
ရိုက်ကူး - အောင်ကိုဦး
သတင်းအပြည့်အစုံ -
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ