နှစ်သစ်ကူးည မန္တလေးက မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး သိန်းကိုးဆယ်ခန့်ရှိ

visibility 4 tontonan schedule 7 tahun yang lalu timer 1:50
open_in_new Dailymotion
နှစ်သစ်ကူးည မန္တလေးက မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး သိန်းကိုးဆယ်ခန့်ရှိ

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၇ နာရီခန့်က မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၅၇လမ်းနှင့်၅၈ ကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဗ-၈)တွင် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၁၇ လုံးဆုံးရှုံးပြီး အိမ်ထောင်စု ၄၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၄၀ နီးပါးမှ မိသားစုဝင် ၁၈၀ ဦးခန့်ကို ကန်သာယာရပ်ကွက် ဓမ္မာရုံ၌ ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားကြောင်းသိရသည်။ ၎င်းမီးလောင်ကျွန်းမှုမှာ ခြင်ဆေးခွေ ထွန်းထားရာမှ စတင် စတင်ခဲ့ခြင်းဖြစ်ပြီး စတင်လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင်အား ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ဖြင့် အရေးယူထားပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၈၆၇၅၀၀၀ ရှိကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရိုက်ကူး - အောင်ကိုဦး
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ