အာဆင်းနစ်ကင်းစင်ရေး ဆောင်ရွက်မှုအခြေအနေကို ဧရာဝတီတိုင်းလွှတ်တော်တွင် ထပ်မံမေးမြန်း

visibility 4 views schedule 7 years ago timer 2:39
open_in_new Dailymotion
အာဆင်းနစ်ကင်းစင်ရေး ဆောင်ရွက်မှုအခြေအနေကို ဧရာဝတီတိုင်းလွှတ်တော်တွင် ထပ်မံမေးမြန်း

ဝါးခယ်မမြို့နယ်တွင် အာဆင်းနစ်ကင်းစင်းရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက ၁၆ကြိမ်မြောက်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ထပ်မံ မေးမြန်းခဲ့သည်။

“အာဆင်းနစ်က အရောင်အနံ့အရသာ မရှိတော့ ရေထဲမှာလည်း မသိနိုင်၊ မမြင်နိုင် ဓါတ်ခွဲစမ်းသပ်ကြည့်မှ သိနိုင်တာပါ။ သောက်တဲ့သူကလည်း အာဆင်းနစ်ကို ပါမှန်းမသိ သောက်မိနေပါက ရေရှည် အာဆင်းနစ် အဆိပ်သင့်ခြင်းကြောင်း နှလုံး၊အာရုံကြောအဖွဲ့ အစည်းထိခိုက်ပျက်စီးခြင်း၊မျိုးရိုးဗီဇ ပြောင်းလဲနိုင်ခြင်း၊ အရည် ပြားပေါ်တွင် အမဲကွက် အဖြူကွက်များဖြစ်ပေါ်တတ်ခြင်း ခြေဖ၀ါး၊ လက်ဖ၀ါး အသားမာ တတ်ခြင်းနှင့် ဆိုးရွား ပါက အရေးပြားကင်ဆာအထိဖြစ်စေနိုင်တာကြောင့် ဖြေကြားထားသည့်အတိုင်းအမြန်ဆုံးထိထိ ရောက်ရောက် ဆောင်ရွက်ပေးစေလိုပါသဖြင့် မည့်သို့ဆောင်ရွက်ထားသည်ကို ဖြေကြားပေးပါရန်” ဟု ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့သည်။

ရိုက်ကူး- စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ