ငပုတောရှိ မြို့ပေါ်ရပ်ကွက် အချို့တွင် သောက်ရေ အခက်အခဲဖြစ်ပေါ်

visibility 4 weergaven schedule 7 jaar geleden timer 1:40
open_in_new Dailymotion
ငပုတောရှိ မြို့ပေါ်ရပ်ကွက် အချို့တွင် သောက်ရေ အခက်အခဲဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ပေါ်ရှိ ရပ်ကွက် အချို့တွင် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ် နေကြောင်း ငပုတောမြို့နယ်မှ စည်ပင်သာယာရေးကော်မတီဝင်ဦးကျော်အေးက ပြောသည်
"ဆင်ခြေဖုံးရပ်ကွက်တွေပေါ့။ လယ်ထဲမှာတည်ထားတဲ့ရပ်ကွက်တွေ သောက်ရေအခက်အခဲ အများကြီး ကြုံ တယ်။ မြောက်ပိုင်းရပ်ကွက်တွေမှာလည်းဖြစ်တယ်။ ဧပြီ နောက်ဆုံးပတ်ဆို အကြိတ်အနယ် စရပြီ။ ဧပြီ၊ မေ နှစ်လမှာ ရေဖြန့်ဖြူးရေးကို ဆောင်ရွက်ရတယ်။ အလှူရှင်တွေနဲ့ချိတ်ဆက်ရမယ်။ မနောဖြူ ဆရာတော်တို့နဲ့ ချိတ်ဆက်ရမယ်။ ဒေသအသီးသီးက လာလှူတဲ့အလှူရှင်တွေနဲ့ချိတ်ဆက်ရမယ်။ ထောင့်စေ့အောင် လုပ်ရ တယ်။ ရေ ကြောင့်ပြဿနာတော့ မတက်ပါဘူး”ဟုငပုတောမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်အေးက ပြောသည်။
ငပုတောမြို့၊ရပ်ကွက်သစ်များတွင် အဓိက သောက်ရေအခက်အခဲဖြစ်နေကြောင်းနှင့် သုံးရေအတွက် အဆင် ပြေကြောင်း သိရှိရသည်။ ယခု လက်ရှိတွင် ပုသိမ်မြို့၊မနောဖြူမှ ရေကားများဖြင့် မော်တင်လမ်း၊ ငွေဆောင် လမ်း၊ ချောင်းသာလမ်းနှင့်ငပုတောမြို့များသို့ ရေများပေးဝေလျက်ရှိကြောင်းသိရှိရသည်။
ရိုက်ကူး- စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ