ဘုရားသခင်၏ အသံတော် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း

visibility 1 views schedule 6 years ago timer 28:32
open_in_new Dailymotion
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံလိုပါက မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးပြီး၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံခွင့်ရှိသည်ကို သင်တို့သည် ပထမဦးစွာ နားလည်ထားရမည်။ ယင်းသည် သင်တို့ အနည်းဆုံး သိရှိနားလည်ရမည့်အရာဖြစ်သည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်မည့်အမှုကို သိရှိထားသင့်သည်။ ထိုသို့သိရှိနားလည်ပြီးနောက် နှုတ်ကပတ်တော်၏ လမ်းပြမှုမှတဆင့် သင်တို့သည် စတင်ဝင်ရောက်ကြကာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို စတင်လက်ခံရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြု၍ ဧကန်အမှန် တွေ့ကြုံခံစားသောအခါ၊ ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ ဘုရားသခင်ကို အစေခံခွင့်ရလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို အစေခံသောအခါ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်ကို ပိုမို ရှင်းလင်းစွာ သိမြင်နားလည်စေမည်ဖြစ်သည်။ သင်သည် ဤအခြေအနေသို့ လက်တွေ့ရောက်ရှိပါက သင်၏အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး စစ်မှန်လာမည်ဖြစ်သည်။ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိပြီးသော သင်တို့အားလုံးသည် အသင်းတော်များသို့သွားရောက်ကာ သင်တို့၏ ညီအစ်ကို မောင်နှမများကို တစ်ယောက်၏ အားနည်းချက်အတွက် တစ်ယောက်၏အားသာချက်ကို အသုံးပြုပြီး ဖြည့်ဆည်းပေးကာ ကူညီထောက်ပံ့မှုများပေးနိုင်ပြီး၊ သင်တို့သည် ပိုမိုကြွယ်ဝသော ဝိညာဉ်ပိုင်းဆိုင်ရာ သိမြင်မှုကို ရရှိမည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံနိုင်မည်ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ ရောက်ရှိမည်ဖြစ်သည်။”

အကြံပြုစာများဖတ်ရှုလေ့လာရန်:
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။
https://my.godfootsteps.org/God-s-incarnation-8.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။