၃၁ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပ

visibility 1 views schedule 6 years ago timer 3:03
open_in_new Dailymotion
၃၁ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပ

“လူထုအုံကြွမှုကြီး ဖြစ်ခဲ့တာ၊ နှစ် ၃၀ ကျော်ပြီးပေါ့၊ အဲဒီမှာ အသက်တွေ သေခဲ့တဲ့သူ ရှိတယ်။ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ဘ၀ပျက်သွားတဲ့သူတွေ ဒီလူတွေရဲ့ စွန့် လွှတ်နစ်ခံမှုတွေ ဒီမိုကရေစီအရေးတော်ပုံဟာ မအောင်မြင်သေးဘူး။ ပန်းတိုင်ကို မရောက်သေးဘူးလို့ ကျွန်တော် ယူဆတယ်။ ရဟန်းရှင်လူ၊ ပြည်သူလူထုအားလုံး အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် စစ်မှန်တဲ့ဒီမိုကရေစီ ရောက်အောင် ဆက်လက်ပြီး တိုက်ပွဲဝင်ဖို့ လိုသေးဆိုတာ ကျွန်တော် ပြောချင်ပါတယ်”ဟု ၈၈၈၈ ပွဲ တက်ရောက်လာသည့် ဦးသက်နောင်က မဇ္ဈိမသို့ ပြောသည်။

“လမ်းပေါ်တိုက်ပွဲကနေ အသေခံတိုက်ခဲ့ကြပြီး အခုအချိန်မှာNLD အစိုးရခေါင်းဆောင်တဲ့  လွှတ်တော်တိုက်ပွဲကို ကျွန်တော်တို့ ရောက်နေတယ်၊ အခွင့်အလမ်းတွေကို ရအောင် တိုး တိုးပြီး လုပ်နေရတယ်။ တစ်ဘက်က ဖွဲ့ စည်းပုံက ဒါကို မပြင်ရဘူး၊ မပြောင်းရဘူး။ ဒီအတိုင်းပဲ နေရမယ်။ ဒီအထဲမှာပဲ နေကြလို့ ပိတ်ဆို့လာတဲ့ အခြေခံပေါ်မှာ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် စိုးရိမ်စရာပဲ ဖြစ်ပါတယ်၊။ ပြည်သူလူထုက သူသွားမဲ့လမ်းကို သူ ရွေးထားပြီးဖြစ်ကြောင်းနှင့် အခုလို ပြောတာ ဘယ်သူကိုမှ ထိခိုက်နစ်နာစေချင်တာမဟုတ်ဘူး” ဟု ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားတက်ရောက်လာသည့် ဆရာ ဦးစိုးထိုက်ကပြောသည်။

သြဂုတ် ၈ ရက်နေ့၊ ၃၁ နှစ်ပြည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ ပုသိမ်မြို့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး စိတ်ဝင်စားသူများ၊ ပြည်သူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

ရိုက်ကူး-စည်သူမောင်မောင်