ဖျာပုံမြို့နယ်တွင် ဌာန သုံးခု အရည်အသွေးစစ်ဆေးမှုအပေါ် ဖျာပုံအမတ် ဝေဖန်

visibility 1 views schedule 6 years ago timer 3:07
open_in_new Dailymotion
ဖျာပုံမြို့နယ်တွင် ဌာန သုံးခု အရည်အသွေးစစ်ဆေးမှုအပေါ် ဖျာပုံအမတ် ဝေဖန်<br />*************************<br />“ကျွန်တော်တို့ မြို့မှာလည်း ရှိပါတယ်။ QC ( Quality Control –အရည်အသွေးထိန်းချုပ်မှု) စစ်ဆေးမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး QC စစ်ဆေးမှုဆိုရင် ကိုယ်တို့ မသိရှိရတာ များတယ်၊ သူတို့ဘာသာ သူတို့ လာကြည့်သွားတယ်၊ ကြည့်တဲ့အခါမှာလည်း အချိန်နဲ့ တစ်ပြေးညီကြည့်ဖို့ လိုတာပေါ့။ အဆောက်အဦဆိုတာ မြေပြင်ကနေ အပေါ်အထိ စစ်ဆေးကြပ်မတ်ဖို့ လိုတာပေါ့ ၊ဒါပေမဲ့လည်း သူတို့ က ၂၅ ရာနှုန်း ငွေထုတ်ယူချိန်မှသာ လာပြီးစစ်ဆေးတဲ့ဟာတွေ ရှိတယ်”ဟု ဖျာပုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဇေယျာမင်းသိန်းက ဝေဖန်ပြောဆိုသည်။<br />“ အဓိကအားဖြင့် ကျေးလက်လမ်းဦးစီးဌာနနဲ့ ပတ်သက်တဲ့ဟာပေါ့။ ကျေးလက်လမ်းဦးစီးဌာနက QC က ရုံးချုပ် ကနေ လာရောက်စစ်ဆေးတယ်လို့တော့ ပြောတယ်၊ဒါပေမဲ့လည်း အခုအချိန်အထိ ဘတ်ဂျက် ပြီးဆုံးမဲ့ကာလရောက်တဲ့အချိန်အထိ ရုံးချုပ်ကနေ QC စစ်ဆေးမှု တစ်ကြိမ်တစ်ခါမှ လာရောက် ဆောင်ရွက်ခဲ့ခြင်း မရှိဘူး” ဟု ဆက်လက် ပြောသည်။<br />ရိုက်ကူး-စည်သူမောင်မောင်