C.I.D ရဲတပ်ဖွဲ့ ၏ စစ်ဆေးချက်များ မမှန်ကန်ခြင်းကြောင့် ဟုဆိုပြီး ပဲခူးမြို့ကနေ နေပြည်တော် ၊ C.I.D ရုံးသို့ ဆန္ဒလာပြသည့် အမျိုးသမီးကို ဒေသခံအာဏာပိုင်များကယနေ့ နံနက် ဆယ်နာရီခွဲခန့်တွင် ပိတ်ဆို့တားဆီးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အနီး မှာရှိသည့် ရာဇသင်္ဂဟလမ်း ၊ သပြေကုန်း အဝိုင်း တွင် တားဆီးခဲ့ခြင်းဖြစ်ပြီးဝန်ကြီးဌာန များသွားရာလမ်းဖြစ်သောကြောင့် သည်နေရာက ကျော်လွန်ဖြတ်သန်းခွင့်မရှိခြင်းဖြစ်ကြောင်း အာဏာပိုင်များ ကပြောသည် ။