ပဥၥမအႀကိမ္ လူ႔အခြင့္အေရးလူ႔ဂုဏ္သိကၡာ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ က်င္းပေန

Mizzima TV 2017-06-15

Views 1

ZawGyi

ပဥၥမအႀကိမ္ လူ႔အခြင့္အေရးလူ႔ဂုဏ္သိကၡာ႐ုပ္ရွင္ပြဲေတာ္ ဖြင့္ပြဲကို ရန္ကုန္ၿမိဳ႕ ဝဇီရာ႐ုပ္ရွင္႐ံုတြင္ ဇြန္ ၁၄ ရက္ ညေန ၆နာရီက က်င္းပခဲ့ၿပီး ဇြန္လ ၁၅ရက္က ေန ၁၈ရက္ထိ ျပသမွာျဖစ္ပါတယ္။

လူ႔အခြင့္အေရးလူ႔ဂုဏ္သိကၡာ႐ုပ္ရွင္ပြဲေတာ္မွာ ျမန္မာႏိုင္ငံမွ ဒါ႐ိုက္တာေတြနဲ႔ ႏိုင္ငံတကာ ဒါရိုက္တာေတြရဲ႕ လူ႔အခြင့္အေရး နဲ႔ပတ္သက္ၿပီး ရိုက္ကူးထားတဲ႔ မွတ္တမ္းရုပ္ရွင္ေတြ ပါ၀င္ ပသမွာျဖစ္ၿပီး ဇာတ္လမ္းတို႐ုပ္ရွင္ ၅၄ကား နဲ႔ ႏိုင္ငံတကာ မွတ္တမ္း႐ုပ္ရွင္ ၁၂ကား၊ စုစုေပါင္း ၆၄ကားကို ဝဇီရာ႐ုပ္ရွင္႐ံု ႏွင့္ Junction City တို႔တြင္ အခမဲ့ ျပသမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ကမာၻတစ္၀ွမ္းမွာရွိတဲ႔ လူ႔အခြင့္အေရး လူ႔ဂုဏ္သိကၡာ နဲ႔ပတ္သက္ၿပီး မွတ္တမ္းရုပ္ရွင္ရိုက္ကူး ပါ၀င္ယွဥ္ၿပိဳင္ေနၾကတာလည္း ျဖစ္ပါတယ္။ နံနက္ ၁၀ နာရီ၊ ၁၂ နာရီ ၄၅၊ ၃နာရီခြဲ၊ ၆ နာရီ ၁၅ ၊ ၉ နာရီ အစရိွသည္ျဖင့္ တစ္ရက္လွ်င္ ၅ ႀကိမ္ျဖင့္ ရုပ္ရွင္ေတြကို ျပသသြားမွာပါ။

ပဥၥမအႀကိမ္ လူ႔အခြင့္အေရးလူ႔ဂုဏ္သိကၡာ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ ဖြင့္ပြဲကို ျမန္မာႏိုင္ငံဆိုရာ ႏိုင္ငံတကာသံရံုးက တာ၀န္ရွိသူတခ်ိဳ႕နဲ႔ လူ႕အခြင့္အေရး တက္ၾကြလႈပ္ရွားသူေတြ၊ မွတ္တမ္းရုပ္ရွင္ပါ၀င္ယွဥ္ၿပိဳင္တဲ႔သူေတြနဲ႔ စိတ္၀င္စားတဲ႔သူေတြ လာေရာက္ခဲ႔ပါတယ္။

အဲ႔ဒီ႔ရုပ္ရွင္ပြဲေတာ္ကို အေမရိကန္သံရံုး၊ ယူနီဆပ္၊ ဆြီဒင္သံရံုး၊ ၿဗိတိသွ်သံရံုး ကပံ့ပိုးေပးထားၿပီး MRTV၊ VOA၊ Mizzima တို႔က မီဒီယာပါတနာအျဖစ္ ပါ၀င္ခဲ့ပါတယ္။

လူ႔အခြင့္အေရးလူ႔ဂုဏ္သိကၡာ႐ုပ္ရွင္ပြဲေတာ္ကို၂၀၁၃ ခုႏွစ္က ဇြန္လ ၁၅ ရက္မွ ၁၉ ရက္အထိ ျမန္မာႏိုင္ငံတြင္ စတင္က်င္းပခဲ့ၿပီး ယခု ပဥၥမအႀကိမ္ ျဖစ္သည္။

Unicode

ပဥ္စမအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံတွင် ဇွန် ၁၄ ရက် ညနေ ၆နာရီက ကျင်းပခဲ့ပြီး ဇွန်လ ၁၅ရက်က နေ ၁၈ရက်ထိ ပြသမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံမှ ဒါရိုက်တာတွေနဲ့ နိုင်ငံတကာ ဒါရိုက်တာတွေရဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေ ပါ၀င် ပသမှာဖြစ်ပြီး ဇာတ်လမ်းတိုရုပ်ရှင် ၅၄ကား နဲ့ နိုင်ငံတကာ မှတ်တမ်းရုပ်ရှင် ၁၂ကား၊ စုစုပေါင်း ၆၄ကားကို ဝဇီရာရုပ်ရှင်ရုံ နှင့် Junction City တို့တွင် အခမဲ့ ပြသမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နဲ့ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူး ပါ၀င်ယှဉ်ပြိုင်နေကြတာလည်း ဖြစ်ပါတယ်။ နံနက် ၁၀ နာရီ၊ ၁၂ နာရီ ၄၅၊ ၃နာရီခွဲ၊ ၆ နာရီ ၁၅ ၊ ၉ နာရီ အစရှိသည်ဖြင့် တစ်ရက်လျှင် ၅ ကြိမ်ဖြင့် ရုပ်ရှင်တွေကို ပြသသွားမှာပါ။

ပဥ္စမအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို မြန်မာနိုင်ငံဆိုရာ နိုင်ငံတကာသံရုံးက တာဝန်ရှိသူတချို့နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ မှတ်တမ်းရုပ်ရှင်ပါ၀င်ယှဉ်ပြိုင်တဲ့သူတွေနဲ့ စိတ်ဝင်စားတဲ့သူတွေ လာရောက်ခဲ့ပါတယ်။

အဲ့ဒီ့ရုပ်ရှင်ပွဲတော်ကို အမေရိကန်သံရုံး၊ ယူနီဆပ်၊ ဆွီဒင်သံရုံး၊ ဗြိတိသျှသံရုံး ကပံ့ပိုးပေးထားပြီး MRTV၊ VOA၊ Mizzima တို့က မီဒီယာပါတနာအဖြစ် ပါ၀င်ခဲ့ပါတယ်။

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို၂၀၁၃ ခုနှစ်က ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံတွင် စတင်ကျင်းပခဲ့ပြီး ယခု ပဥ္စမအကြိမ် ဖြစ်သည်။

Share This Video


Download

  
Report form
RELATED VIDEOS