Messe Frankfurt က ဂာ်မနီမွာ မြန်မာ့လက်မှုနှင့် ပရိဘောဂပစ္စည်းများ လာရောက်ပြသဖို့ ဆွဲဆောင်

Mizzima TV 2017-06-17

Views 3

ကမ္ဘာ့ ဒုတိယအကြီးဆုံး နိုင်ငံတကာ ကုန်သွယ်ရေးပွဲ စီစဉ်သူဖြစ်တဲ့ ဂျာမနီနိုင်ငံက Messe Franfurt က မြန်မာနိုင်ငံက လက်မှုအနုပညာပစ္စည်းထုတ်လုပ်သူတွေနဲ့ ပရိဘောဂပစ္စည်းထုတ်လုပ်သူတွေကို ၂၀၁၇ ဖေဖော်ဝါရီလအတွင်း ဂျာမနီ နိုင်ငံ ဖရန်းဖတ်မြို့မှာ ပြုလုပ်မယ့် Ambiente အန်ဘီရန်တီ ကုန်သွယ်ရေးပွဲမှာ လာရောက် ပြသဖို့ ဆွဲဆောင် လိုက်ပါ တယ်။ အန်ဘီရန်တီ ကုန်စည်ပြပွဲဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးပြပွဲဖြစ်ပြီးတော့ နိုင်ငံပေါင်း ၁၆၀ ကျော်က ဈေးဝယ် သူတွေနဲ့ ကုမ္ပဏီတွေ လာရောက်လေ့လာပြီးတော့ ပြပွဲပြသူပေါင်း ၄၄၀၀ ကျော်လောက်က အဲဒိ ပွဲမှာ ပါဝင်ပြသတာဖြစ်ပါ တယ်။ Messe Franfurt ရဲ့ ဆက်ဆံရေးနဲ့ သတင်းထုတ်ပြန်ရေး အရာရှိဖြစ်သူ မစ္စတာ အတ်မန်း ကီလီယန်ကတော့ အဲဒိ ကုန်သွယ်ရေးပွဲကို မြန်မာက ပရိဘောဂနဲ့ လက်မှုပစ္စည်းထုတ်လုပ်သူတွေ ပိုမိုလာစေချင်ပြီး ကမ္ဘာ့ဈေးကွက်နဲ့ ချိတ်ဆက် စေချင်တယ်လို့ ပြောဆိုထားပါတယ်။ လောလောဆယ်တော့ မြန်မာက ကြိမ်နဲ့ ၀ါးပရိဘောဂပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုကသာ ၂၀၁၆ ဖေဖော်ဝါရီတုန်းက ဂျာမနီ Frankfurt Ambiente ပွဲမှာ ပထမအကြိမ် ပြသခဲ့ပြီး ၂၀၁၇ မှာ ထပ်မံပြု လုပ်မယ့် အဲဒိ ပွဲမှာ ဆက်လက်ပြသရောင်းချသွားမယ်လို့သိရပါတယ်

Share This Video


Download

  
Report form
RELATED VIDEOS