ရွေးကောက်ပွဲမှာ ရုရှားဟက်ကာတွေ နှောင့်ယှက်ခဲ့တယ်ဆိုတာကို ထရမ့် ပထမဆုံးအကြိမ် လက်ခံ

7Day TV 2017-10-06

Views 4

အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားဟက်ကာတွေ ကြားဖြတ်နှောင့်ယှက် တိုက်ခိုက်မှု ရှိခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လက်ခံတဲ့ သဘောထားမျိုး ဒေါ်နယ်လ်ထရမ့်က ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရစေဖို့ ရုရှားဟက်ကာတွေက ကြားဝင် နှောင့်ယှက်ခဲ့ကြောင်း ထောက်လှမ်းရေး ဌာနတွေက စစ်ဆေး တွေ့ရှိထားတယ်လို့ တရားဝင် စွပ်စွဲခဲ့သလို ရုရှားသံအရာရှိ အချို့ကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ ထရမ့်ဟာ အစောပိုင်းက ရုရှားဟက်ကာတွေ ရွေးကောက်ပွဲ ရလဒ်ပိုင်းမှာ ပါဝင်စွက်ဖက်ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းပယ်ခဲ့ပေမယ့်လည်း ဇန်နဝါရီ ၁၁ ရက်က သူရဲ့ ထရမ့်တာဝါ အဆောက်အအုံမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲ့ဒီဖြစ်ရပ်ကို ပထမဆုံးအကြိမ် လက်ခံကြောင်း မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS