ကိုလံဘီယာမှာ မြေပြိုမှုတွေကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

7Day TV 2017-10-07

Views 4

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ မြေပြိုမှုတွေကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။

အခုသီတင်းပတ်အတွင်း မိုးသည်းသည်းမည်းမည်း ဆက်တိုက် ရွာသွန်းခဲ့တဲ့နောက် ကိုလံဘီယာ အနောက်ပိုင်းက မန်နီဇဲလက်စ်မြို့မှာ အခုလို မြေပြိုမှုတွေ ပေါ်ပေါက်လာတာပါ။

ကိုလံဘီယာမှာ မိုးသည်းထန်မှုနဲ့ ဆက်စပ်ပြီး ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် သဘာဝဘေး ကျရောက်မှုတွေ ဆက်တိုက် ကြုံနေရပါတယ်။ လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကလည်း နိုင်ငံတောင်ပိုင်း မိုကိုအာမြို့မှာ မိုးသည်းထန်မှုကြောင့် မြစ်ကမ်းဘေး တာတမံတွေ ကျိုးပေါက်ပြီး ရေကြီးရာကနေ လူ ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS