ကြေးနီစီမံကိန်း မြေယာကိစ္စတွေရှင်းမပေးရင် အစိုးရအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်းဖွင့်မယ်

7Day TV 2017-10-07

Views 2

ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့ မြေယာတွေနဲ့ပတ်သက်ပြီး ဒေသခံတွေတောင်းဆိုချက်ကို ဖြေရှင်း မပေးရင် တိုင်းအစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့်မယ်လို့ ဆားလင်းကြီး ဒေသခံ တောင်သူတွေက ပြောကြားလိုက်ပါတယ်။ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာက ဒေသခံတောင်သူ ၄၀၀ ခန့်က ဒီကနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆန္ဒပြသူတွေတွေ့ဆုံရာမှာ တောင်းဆိုချက်တွေကိုညှိနှိုင်းပေးမယ်လို့ ပြောခဲ့တဲ့အကြောင်း ကံကုန်းကျေးရွာဒေသခံ ကိုတင်အောင်စိုးက ပြောပါတယ်။ စံပယ်တောင်၊ကြေးစင်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတာ မြေဧရိယာ ၆၃၀၀ကျော် ရှိပြီး ဒေသခံမြေသိမ်းခံတောင်သူတွေက နေ့စားလုပ်သား ၃၃၀ကျော်ကို ကြေးနီစီမံကိန်းမှာ လုပ်ကိုင်လျက်ရှိပေါတယ်။

ရုပ်သံတင်းထောက်- မျိုးမင်းဦး

Share This Video


Download

  
Report form
RELATED VIDEOS